ပိုလီယိုရောဂါခံစားနေရပေမဲ့ ဝီးရှဲနဲ့ သားဖြစ်သူကို မမောမပန်းနိုင်နေ့တိုင်းကျောင်းပို့ပေးနေတဲ့ ဖခင် ဒီတစ်ခေါက်ဖော်ပြမဲ့ ဖိလစ်ပိုင်နိုင်ငံက ဖခင်တစ်ဦးကတော့ ပိုလီယိုရောဂါခံစားနေရပေမဲ့လည်း ဖခင်ဝတ္တရာကျေပွန်လွန်းသူလို့ ပြောရမှာပါပဲ ။ အကြောင်းကတော့ Tatay Alejandro အမည်ရှိတဲ့အမျိုးသားဟာ သူ့ရဲ့ 7 နှစ်သားအရွယ်သားဖြစ်သူကို ဝီးရှဲပေါ်တင်ပြီး အမြဲကျောင်းပို့ ၊ ကြို လုပ်ပေးလေ့ရှိပါတယ် ။ သားဖြစ်သူက အတော်လေးကြီးထွားလာလို့ သူ့ရဲ့လက်ကိုသာ အသုံးပြုပြီး ရွှေ့လျားနေရတဲ့ဝီးရှဲကြောင့် …
Read More
စားစရာမရှိလို့ ထိုင်းနိုင်ငံထဲခိုးဝင်မိရာကနေ ထိုင်းစစ်တပ်ရဲ့ဖမ်းဆီးခြင်းခံရပြီး မိအေးနှစ်ခါနာဖြစ်ရတဲ့ မြန်မာလုပ်သားတွေရဲ့ဘဝကိုပြောပြလာတဲ့ ပြည်သူတစ်ဦး
မြန်မာနိုင်ငံမှာ အာဏာသိမ်းကာလစတင်လိုက်ကတည်းက စီးပွားရေး၊စားဝတ်နေရေးနဲ့ပတ်သက်တဲ့ အဆင်မပြေမှုတွေကို ပြည်သူတွေ ခံစားခဲ့ရတာ ဖြစ်ပါတယ် ။ သာမန်လက်လုပ်လက်စား ပြည်သူတွေဆိုရင် အလုပ်အကိုင်တွေ အဆင်မပြေတာကြောင့် အကျပ်တွေ့နေကြပြီး တစ်ချို့ဆိုရင် စားစရာမရှိလို့ အကူအညီတောင်းခံနေရတဲ့သူတွေလည်း ရှိနေပြန်တာ ဖြစ်ပါတယ် ။ ဒီလိုအခြေအနေတွေကနေ လွတ်မြောက်ဖို့အတွက် မြန်မာလုပ်သားတစ်ချို့က ထိုင်းနိုင်ငံထဲကို ထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ် ။ ဒါပေမဲ့လည်း ထိုင်းစစ်တပ်က ထိုင်းနိုင်ငံထဲကို ခိုးဝင်လာတဲ့ …
Read More
စိတ်ကြိုက် Shopping တွေထွက်ပြီးပြီမို့ သူမအဝတ်အစားတချို့ကို စစ်ဘေးရှောင်စခန်းတွေဆီလှူဒါန်းသွားဦးမှာပါလို့ ဆိုလာတဲ့ နေခြည်ဦး
စိတ်ကြိုက်Shoppingတွေထွက်ပြီးပြီမို့သူမအဝတ်အစားတချို့ကို စစ်ဘေးရှောင်စခန်းတွေဆီလှူဒါန်းသွားဦးမှာပါလို့ဆိုလာတဲ့နေခြည်ဦး နေခြည်ဦးဆိုသူကတော့အောင်ရဲလင်းရဲ့ချစ်သူအဖြစ်အနေနဲ့လူသိများလာပြီးနောက်ပိုင်းမှာတော့မျက်နှာမှာရှိနေတဲ့အမာရွတ်အတွက်အလှတွေပြင်ပြရင်းသူမကိုယ်သူမBeauty Bloggerတစ်ယောက်အဖြစ်သတ်မှတ်လာခဲ့ပါတယ်။ ပရိသတ်တွေရင်ထဲမှာတော့Beauty Bloggerကဝင်းမင်းသန်းတစ်ယောက်ပဲရှိတော့တယ်ဆိုတာတော့သူမမသိရော့လေသလားနော် သူမရဲ့အဖေကစစ်တတပ်ထဲကတစ်ယောက်ဖြစ်ပြီးအဖေဖြစ်သူရှာထားတဲ့ပိုက်ဆံတွေနဲ့သုံးဖြုန်းပြနေသူပဲဖြစ်ပါတယ်။နေခြည်ကတော့ အကောင်းစားပစ္စည်းတွေကိုသုံးထားနိုင်သူဖြစ်တာကြောင့်ဆယ်ကျော်သက်အရွယ်လေးတွေရှေ့မှာတော့အားကျစရာမင်းသမီးလေးတစ်ပါးလိုဖြစ်နေတော့တာပေါ့ နေခြည်ကတော့အဖေ့အရှိန်အဝါနဲ့ဖြစ်လာတဲ့အစွမ်းအစတွေနဲ့ ပရိသတ်တွေရှေ့မှာကြွားဝါပြနေခဲ့တာကိုလည်းပရိသတ်ကအချစ်မပျက်ခဲ့သေးပါဘူးနော် ခုလိုဖြစ်နေတဲ့နိုင်ငံရေးအခြေအနေကြီးမှာသူမကတော့အရိပ်အယောင်လေးအနေနဲ့ဟန်ပြထွက်လာပြီးခုချိန်မှာတော့သူမတို့ရဲ့နေထိုင်တဲ့စရိုက်အတိုင်းနေနေမြဲဖြစ်ပါတယ်။ ဒီနေ့လေးမှာတော့နေခြည်ဦးတစ်ယောက်ကမြန်မာပြည်မှာဖြစ်နေတဲ့ အခြေအနေကြောင့်စစ်ဘေးရှောင်နေရသူတွေများပြားနေတဲ့အတွက် သူမရဲ့အဝတ်အစားတွေကိုလှူဒါန်းသွားဖို့ပြင်ဆင်နေတဲ့ပုံလေးကို Mydayမှာတင်လာခဲ့တာဖြစ်ပါတယ်။ သူမရဲ့အဝတ်အစားအကောင်းဆုံးတွေကိုလှူဒါန်းပေးပေမဲ့စစ်တပ်ကြောင့်သွေးမြေကျနေတဲ့သူတွေအတွက်သူမလိပ်ပြာလုံနိုင်ပါစေဖို့ ဆုတောင်းပေးလိုက်ပါတယ်။နေခြည်ဦးချစ်ကြတဲ့ပရိသတ်ကြီးလည်းသာဓုခေါ်ပေးကြပါအုံးနော်
Read More
မန္တလေးမြို့ကလူထုလှုပ်ရှားမှုမှာကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေအတွက်တစ်ဉီးကိုငွေကျပ်၁၀သိန်းစီလှူဒါန်းခဲ့တဲ့စမိုင်းလ်
မန္တလေးမြို့ကလူထုလှုပ်ရှားမှုမှာကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေအတွက်တစ်ဉီးကိုငွေကျပ်၁၀သိန်းစီလှူဒါန်းခဲ့တဲ့စမိုင်းလ် ပရိသတ်တွေချစ်ခင်အားပေးရတဲ့သရုပ်ဆောင်စမိုင်းလ်ကတော့လူထုလှုပ်ရှားမှုကြီးမှာကျဆုံးသွားတဲ့သူရဲကောင်းတွေရဲ့မိသားစုတွေကိုကူညီလှူဒါန်းပေးခဲ့တာဘဲဖြစ်ပါတယ်။ ၂၀၂၁ခုနှစ်ဖေဖော်ဝါရီလ၁ရက်နေ့ကတည်းကဖြစ်ပေါ်ခဲ့တဲ့နိုင်ငံရေးအခြေအနေတွေမှာပြည်သူတွေနဲ့အတူတက်တက်ကြွကြွပါဝင်ရပ်တည်ခဲ့တဲ့စမိုင်းလ်ကိုပရိသတ်တွေကအရင်ကထက်အချစ်ပိုရတာလည်းဖြစ်ပါတယ်။ ဒါ့အပြင်စမိုင်းလ်ကလူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူတွေကိုစားသောက်စရာတွေလှူဒါန်းလေ့ရှိတာဖြစ်ပြီးတစ်ထောင့်တစ်နေရာကနေလည်းသူမကိုယ်တိုင်ပါဝင်ခဲ့တာကိုတွေ့ရပါတယ်။ တော်လှန်ရေးမှာသေဆုံးခဲ့ရတဲ့အနယ်အနယ်အရပ်ရပ်ကသူတွေအတွက်လည်းငွေကြေးများစွာနဲ့လှူဒါန်းဖို့ပြင်ဆင်နေခဲ့တာဖြစ်ပြီးယနေ့မှာတော့သူမရဲ့ဖေ့ဘွတ်စာမျက်နှာထက်မှာအခုလိုရေးသားလာခဲ့ပါတယ်။ ဒါကတော့စမိုင်းလ်ကမန္တလေးမှာကျဆုံးသွားတဲ့သူရဲကောင်းများအတွက်တစ်ဦးလျှင်၁၀သိန်းစီနဲ့ ၁၁ယောက်စာသိန်း၁၁၀မနေ့ကလှူဒါန်းခဲ့တယ်။ကျန်ရှိနေတဲ့မြို့တွေကိုလည်းလှူနိုင်အောင်ကြိုးစားနေပါတယ်နော်ဆိုတဲ့အလှူပြုစာသားလေးကိုရေးသားတင်ပေးလာခဲ့ပါတယ်။ နွေဉီးတော်လှန်ရေးမှာကျဆုံးခဲ့ရတဲ့မန္တလေးမြို့ကအာဇာနည်သူရဲကောင်းတွေကိုငွေကြေးအင်အားနဲ့ ကူညီကာအလှူပြုနေခဲ့တဲ့စမိုင်းလ်တို့မိသားစုရဲ့ပုံတွေနဲ့ စာသားတွေကိုပရိသတ်တွေထံပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Read More
ဖမ်းဆီး ခံထားရတဲ့ ကိုလူမင်း အတွက် ဒုတိယ အကြိမ် ရင်ဖွင့် စကား ပြောလာတဲ့ ဇနီး ဖြစ်သူ ခင်စံပယ်ဦး
၄ လ ကျော်ကြာ မြင့်ခဲ့ပြီ ဖြစ်တဲ့ ဒီ လှုပ်ရှားမှုကြီး ဟာခုဆိုရင် ပြည်သူ လူထုပါ မကျန်အနုပညာရှင် တွေအားလုံးဟာအတိုက် အခိုက် အန္တရာယ် တွေ ခက်ခဲမှု တွေခြိမ်းခြောက် မှုတွေနဲ့ ကြုံတွေ့ နေရ ပေမယ့်နောက်မဆုတ် ဘဲရှေ့ဆက် လှမ်းကာ အားတတ်သရော ရရာ နေရာက နေနိုင် သလောက် ပါဝင်နေကြဆဲပါ။ အနုပညာ …
Read More
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အကြိုအနေနဲ့ ဆောင်ရွက်ခဲ့ကြတဲ့ မန္တလေးသပိတ်စစ်ကြောင်းပုံရိပ်များ
ဖမ်းဆီးထိန်းသိမ်းမှုတွေ နေရာတိုင်းမှာ များပြားနေပေမယ့် ပြည်သူတွေရဲ့ စစ်အာဏာရှင် တော်လှန်ရေး သပိတ်စစ်ကြောင်းတွေကတော့ နေ့ရက်တိုင်း ထွက်ပေါ်နေကြဆဲဖြစ်ပါတယ်။ အရင်လို အင်အားများစွာနဲ့ ဆန္ဒထုတ်ဖော်ရန် မလွယ်ကူတာကြောင့် ပြောက်ကျားသပိတ်တွေဆင်နွှဲကာ အာဏာရှင်စနစ်ကိုအဆုံးထိတော်လှန်နေကြတာဖြစ်ပါတယ်။ နေ့ရက်တိုင်းလိုလို အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေထွက်နေကြတဲ့ မြို့တွေထဲမှာဆိုရင် မန္တလေးမြို့ကတော့ ချီးကျူးစရာကောင်းအောင်ကို တက်ကြွနေတာကိုတွေ့မြင်ရပါတယ်။ ပြည်သူတွေဘက်က အခုလို ဆန္ဒပြသပိတ်တွေထွက်ကြသလို ပြည်သူ့ကာကွယ်ရေးတပ် PDFတွေဖွဲ့စည်းပြီးတော့လည်း စစ်အာဏာရှင်တွေကိုတော်လှန်နေကြတာပါ။ ဒီကနေ့ဇွန်လ (၁၇)ရက်နေ့မှာဆိုရင်လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် …
Read More
ယနေ့အထိ ရွာမှာအလှူရှိပီဆိုတာနဲ့ တစ်အိမ်ကိုတစ်အိုး ထမင်းအမြဲပေါင်းပေးနေတဲ့ ညီညွတ်တဲ့ရွာလေး
Read More
တစ်ရွာလုံး မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် ပြန်စရာ နေအိမ်မရှိတော့တဲ့ ကင်းမရွာက အဖွားတစ်ယောက်ရဲ့ ရင်ကွဲစရာဖြစ်ရပ်
မကွေးတိုင်း ပေါက်မြို့နယ်မှာ တည်ရှိတဲ့ ကင်းမရွာလေး မီးလောင်မှုဖြစ်စဉ်ကတော့ ပြည်သူတွေရဲ့ ရင်ကို ထိမှန်ခဲ့ပါတယ် ။ သတင်းတွေတက်လာတိုင်း ဒေသခံတွေနဲ့ ထပ်တူ ဝမ်းနည်း နာကျင် ခဲ့ကြရပါတယ် ။ အဆိုးဆုံးကတော့ အရှင်လတ်လတ် မီးလောင်ကျွမ်းနေတဲ့ သက်ကြီးရွယ်အိုတွေရဲ့ အသက်မဲ့ ခန္ဓာကိုယ် ပုံရိပ်တွေပါပဲ ။အသက်အရွယ်အရ လမ်းလည်းကောင်းကောင်း မလျှေက်နိုင်တော့ အဖိုးအဖွားတွေ မီးထဲမှာ ဘယ်လိုတောင် အချိန်အတော်ကြာ …
Read More
တောထဲကဒဏ်တွေကြောင့် နေရပ်ပြန်လာချိန်မှာတောင် အာဟာရချို့တဲ့ပြီး ကိုယ်ခံအားချိနဲ့နေကြတဲ့ ချင်းပြည်နယ်က သက်ကြီးရွယ်အိုများ
အာဏာသိမ်းစစ်ကောင်စီနဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) တို့ရဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာပြီး တောထဲမှာပုန်းရှောင်နေကြရတဲ့ ဟားခါးမြို့နယ် ဆဲန်ထန်းနယ်က ပြည်သူ အများစုဟာ နေရပ်ပြန်လာကြပြီ ဖြစ်သော်လည်း သက်ကြီးရွယ်အိုအများစုကတော့ တောထဲမှာ အာဟာရမပြည့်ဝခဲ့ရတာကြောင့် ကိုယ်ခံအားပြတ်လပ်မှုဒဏ်ကိုရင်ဆိုင်နေကြရပါတယ်။ ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်းမှာရှိတဲ့ ဆဲန်ထန်းနယ်ဟုခေါ်သော ဟားခါး – မတူပီ ကားလမ်းမကြီးအကြားမှာရှိတဲ့ ဆူရ်ခွါမြို့အပါအဝင် ကျေးရွာပေါင်း (၈) ရွာခန့်မှ ဒေသခံ (၅၀၀၀) ကျော်တို့ဟာ …
Read More
သူ့အတွက်နဲ့အိမ်မှာကျန်ခဲ့တဲ့ မိသားစုဝင်တွေကို ဖမ်းဆီးဒုက္ခပေးနေရင် မြန်မာနိုင်ငံဆီပြန်သွားမယ့်အကြောင်း ပြောပြနေတဲ့ ဂိုးသမားပြည့်လျှံအောင်ရဲ့ဗီဒီယို
ပြီးခဲ့တဲ့ မေလ ၂၈ရက်နေ့က ဂျပန်လက်ရွေးစင်ဘောလုံးအသင်းနဲ့ မြန်မာလက်ရွေးစင်ဘောလုံးအသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ပြီး အဆိုပါပွဲစဥ်မှာ မြန်မာလက်ရွေးစင်အသင်းက ၁၀ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ မြန်မာအသင်းရဲ့ဂိုးသမားပြည့်လျှံအောင်ကတော့ ဂျပန်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ နိုင်ငံတော်သီချင်း သီဆိုနေတုန်းလက်သုံးချောင်းထောင်ခဲ့ပြီး အာဏာရှင်ကိုဆန့်ကျင်ကြောင်း ပြသခဲ့ပါတယ်။ပြည်သူတွေကတော့ သတ္တိရှိရှိနဲ့အာဏာရှင်ဆန့်ကျင်ခဲ့တဲ့ ဂိုးသမားပြည့်လျှံအောင်ကို ချီးကျူးနေကြပါတယ်။ အာဏာရှင်ဆန့်ကျင်ကြောင်းပြသခဲ့တဲ့ ဂိုးသမားပြည့်လျှံအောင်တစ်ယောက် မြန်မာပြည်ပြန်လာရင် ဖမ်းဆီးခံရနိုင်တာကြောင့် ပြည်သူတွေက စိုးရိမ်ပူပန်နေကြပါတယ်။ ယခုမှာတော့ မြန်မာလက်ရွေးစင်ဂိုးသမားပြည့်လျှံအောင်ဟာ …
Read More