၅၀၅ က နဲ့ အရေးယူခြင်းခံရပေမယ့် ပရိသတ်တွေကို စိတ်မပူဖို့ အသိပေးပြောပြလာတဲ့ ဘုန်းဆက်သွင်

ပြည်သူတွေနဲ့အတူရပ်တည်ကာ တော်လှန်ရေးတိုက်ပွဲကြီးရဲ့ လူထုလှုပ်ရှားမှုတွေမှာ တက်ကြွစွာပါဝင်ခဲ့တဲ့ သရုပ်ဆောင်မင်းသားချော ဘုန်းဆက်သွင်ကတော့ ဒီကနေ့မှာပဲ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူခြင်းခံရတဲ့ အနုပညာရှင်တွေမှာ ပါဝင်လာခဲ့ပါတယ်..။ ဘုန်းဆက်သွင်တော့ ဖေဖော်ဝါရီလအစပိုင်းကတည်းက ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေအပြင် ကျဆုံးသွားတဲ့သူရဲကောင်းတွေအတွက်လည်း လှူဒါန်းမှုတွေနဲ့ ဖေးမကူညီကာ တတ်နိုင်တဲ့ဘက်ကနေ အားဖြည့်ပါဝင်နေသူလည်း ဖြစ်ပါတယ်..။ ဖြိုခွင်းမှုတွေကြားက အရေးတော်ပုံအောင်မြင်ဖို့အတွက်င်းမပျက်မကွက်လမ်းပေါ်ထွက် လှုပ်ရှားမှုတွေနဲ့ ကြိုးစားလုပ်ဆောင်နေတဲ့ ဘုန်းဆက်သွင်ကတော့ ၅၀၅-က ဖြင့် ဝရမ်းထုတ်အရေးယူခြင်းခံရတဲ့အထဲ …

Read More

သရုပ်ဆောင် ပိုင်တံခွန် အဖမ်းခံရ

မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန်ကို ဒီနေ့ နံနက်အစောပိုင်း ၅ နာရီလောက်မှာ စစ်ကောင်စီတပ်တွေက လာရောက်ဖမ်းဆီးသွားတယ်လို့ အမဖြစ်သူရဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။ ပိုင်တံခွန်ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆို အမှုဖွင့်ထားကြောင်း မနေ့ညက စစ်တပ်ပိုင်မြဝတီသတင်းဌာနကနေ ကြေညာပြီးနောက် ဒီနေ့ နံနက် အစောပိုင်းမှာ ဖမ်းခံရတာဖြစ်ပါတယ်။ “ဒီနေ့ မနက် ၅နာရီမှာ …

Read More

ပြန်မလာနိုင်တော့တဲ့ သူရဲကောင်းများအတွက် ပြုလုပ်ပေးတဲ့ Flower Strike မှာ ပြည်သူနဲ့အတူ ပါဝင်ခဲ့တဲ့ ယွန်းမီမီကျော်

မြန်မာနိုင်ငံရဲ့ နွေဦးတော်လှန်ရေးကြီးဟာဆိုရင် ခုချိန်ထိ လှုပ်ရှားမှုမျိုးစုံနဲ့ အရှိန်အဟုန်ကောင်းနေဆဲပါ။ပြည်သူအားလုံးက ရဲရင့်ကြသလို မျိုးဆက်သစ်လူငယ်လေးတွေရဲ့ တီထွင်နိုင်မှုတွေ ပေါင်းစပ်နိုင်ခဲ့တာကြောင့် နိုင်ငံအသီးသီးကလည်း လေးစားချီးကျူးနေကြတာပါ။ လူငယ်တွေကလည်း ဘယ်လောက်ပဲအခက်အခဲတွေရှိနေပါစေ နောက်မဆုတ်ဘဲ ယုံကြည်ချက်တွေအတွက် ရှေ့ဆက်လှမ်းနေခဲ့တာ ဒီနေ့ဆိုရင် ဒီလူထုလှုပ်ရှားမှုကြီးဟာ နှစ်လပြည့်ခဲ့ပါပြီ။ ပြည်သူတွေကလည်း တစ်ရက်မှစိတ်ဓာတ်မကျသွားဘဲ နည်းမျိုးစုံသုံးကာ နွေဦးတော်လှန်ရေးကြီး အောင်မြင်ရန် ယုံကြည်ချက်တွေအပြည့်နဲ့ စည်းလုံးညီညွတ်စွာ ရရာနေရာကနေ လူကြီး လူငယ်မရွေးပါဝင်လှုပ်ရှားနေကြတာပါ။ ဒီနေ့ဧပြီ …

Read More

ကျဆုံးသွားတဲ့မော်လမြိုင်က (၁၁)နှစ်သမီးလေး အေးမြတ်သူအတွက် လှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့ မမဆောင်း

မမဆောင်းလို့ အများကချစ်စနိုးခေါ်ကြတဲ့ အဆိုတော်သရုပ်ဆောင် ဆောင်အိနြေ္ဒထွန်းကတော့ ဟန်ဆောင်မှုကင်းပြီး ပွင့်လင်းတဲ့ဟန်ပန်လေးတွေကြောင့် အနုပညာလောကမှာ ပရိသတ်တွေက တစ်ခဲနက်အားပေးချစ်ခင်နေကြရသူပဲ ဖြစ်ပါတယ်..။ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်အဖြစ် အခိုင်အမာရပ်တည်နေတဲ့ သူမကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူတွေအတွက် လှူဒါန်းမှုတွေပြုလုပ်ပြီး တတ်နိုင်ဘက်ကနေ အားဖြည့်ပါဝင်နေတာလည်း တွေ့ရပါတယ်..။ လိုအပ်နေကြတဲ့ ပြည်သူတွေအတွက် လှူဒါန်းမှုတွေပြုလုပ်ပေးနေတဲ့ မမဆောင်းကတော့ တော်လှန်ရေးတိုက်ပွဲကြီးအတွင်း ကျဆုံးသွားခဲ့တဲ့ မော်လမြိုင်က (၁၁)နှစ် သမီးလေး အေးမြတ်သူအတွက် လှူဒါန်းမှုတွေ …

Read More

မန္တလေးမြို့ ပြည်ကြီးတံခွန်က မီးဘေးသင့်တဲ့နေရာကို သွားရောက်ပြီး ပြည်သူတွေနဲ့အတူ လိုအပ်တာတွေကို စုပေါင်းလှူဒါန်းခဲ့တဲ့ Oasix

အဆိုတော် Oasixကတော့ ဒီကနေ့ မတ်လ ၂၉ရက်နေ့မှာ မန္တလေးမြို့ ပြည်ကြီးတံခွန်က မီးဘေးသင့်တဲ့ နေရာထံ သွားရောက်ပြီး ပြည်သူတွေနဲ့အတူ ပူးပေါင်းကာ လိုအပ်တာတွေကို လှူဒါန်းခဲ့ပါတယ်။ သူရဲ့ Facebook Account ထက်မှာ အလှူပုံရိပ်တွေကို တင်ပေးလာရင်း ” ဒီနေ့ မန္တလေး ပြည်ကြီးတံခွန် မီးဘေးသင့်တဲ့ နေရာသို့ ပြည်သူတွေစုပေါင်းလှူကြတဲ့ ဆန် ဆီ ဆား …

Read More

သူငယ်ချင်းများနဲ့စုပေါင်းပြီး ကောက်ခံရရှိထားသော အလှူငွေများအား ဒဏ်ရာရရှိထားတဲ့ ပြည်သူတွေဆီ သွားရောက်လှူဒါန်းခဲ့တဲ့ ခရစ္စတီးနား

သရုပ်ဆောင်  ခရစ္စတီးနားကတော့  ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း  ပရိသတ်တွေရဲ့အားပေးမှုတွေကို ရရှိထားသူတစ်ယောက်လည်း  ဖြစ်ပါတယ်။  အချိန်အတော်ကြာအောင်  အနုပညာလောကကနေ  ပျောက်ကွယ်ခဲ့ပေမယ့်လည်း  အားလုံးရဲ့ ချစ်ခင်မှုတွေကို ရရှိနေဆဲပါ။ သူမကတော့ အရေးကြုံတဲ့ အခါတိုင်း  ပြည်သူတွေနဲ့အတူ  မှန်ကန်တဲ့ဘက်ကနေ   ရပ်တည်ပေးနေတဲ့ အနုပညာရှင်တစ်ဦးဆိုရင်လည်း  မမှားနိုင်ပါဘူးနော်။ ခရစ္စတီးနားကတော့  အခက်အခဲတွေကြားထဲကနေ  လူထုလှုပ်ရှားမှုတွေမှာလည်း  တက်ကြွစွာပူးပေါင်းဆောင်ရွက်နေတာလည်း  ဖြစ်ပါတယ်။  ဒါ့အပြင် ဒီလှုပ်ရှားမှုမှာပါဝင်ရင်း  အသက်ပေးခဲ့ကြရတဲ့ သူရဲကောင်းတွေအတွက်လည်း တတ်နိုင်တဲ့ ဘက်ကနေ  အလှူငွေများလည်း  လှူဒါန်းပေးနေတာပါ။   မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်  သူငယ်ချင်းများနဲ့စုပေါင်းပြီး ကောက်ခံရရှိထားသောအလှူငွေများအား ဒဏ်ရာရရှိထားတဲ့ ပြည်သူတွေဆီ သွားရောက်လှူဒါန်းခဲ့တဲ့ ပုံရိပ်တွေကို ဝေမျှထားတာပါ။ သူမကလည်း ” ဒီနေ့သမိုင်းဘက်မှာရာဘာကျည်ထိသွားတဲ့ အသက်၈၅နှစ်အရွယ်အဘ နဲ့ မျက်လုံး ရာဘာကျည်ဝင်သွားလို့ခွဲစိတ်ထားတဲ့ တစ်နှစ်ခွဲသမီးငယ်လေးအိမ်ကိုသူငယ်ချင်းများနှင့်အတူသွားရောက်အားပေးပြီး အလှူငွေစုစုပေါင်း( ၉ သိန်း)လှူခဲ့ပါတယ်.. ပါဝင်အားဖြည့်လှူတန်းပေးတဲ့ တစ်ဦးတစ်ယောက်ဆီတိုင်းလည်း ကျေးဇူးပါရှင့် … .အားလုံးလည်း ဘေးအန္တရာယ်ကင်းစွာနေ့ရက်တိုင်းကိုဖြတ်သန်းနိုင်ကြပါစေရှင် 🙏🙏🙏” ဆိုပြီး ရေးသားထားတာဖြစ်တာကြောင့်  ပရိသတ်တွေလည်း သိရှိနိုင်စေရန်  ဒီသတင်းကို တစ်ဆင့်ပြန်လည်  ကူးယူတက်ဆက်ပေးလိုက် ရပါတယ်နော်။ Source and Photo Crd-Crist Aye Myat’s Facebook Account

Read More

နိုင်ငံရပ်ခြားကိုရောက်နေပေမယ့် CRPH အတွက်အလှူငွေတွေ ထည့်ဝင်လှူဒါန်းပြီး တတ်နိုင်သလောက်ပါဝင်အားဖြည့်နေတဲ့ ဥက္ကာမင်းမောင်

လက်ရှိနယူးယောက်မြို့မှာ အခြေချနေထိုင်နေတဲ့ မော်လ်ဒယ်သရုပ်ဆောင်ဥက္ကာမင်းမောင်ကတော့ မြန်မာနိုင်ငံမှာလတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့အတူရပ်တည်ပြီး တတ်နိုင်သလောက်ပါဝင်နေသူပဲ ဖြစ်ပါတယ်..။ ဥက္ကာမင်းမောင်ကတော့ မြန်မာ့အရေးအတွက် နယူးယောက်မြို့မှာပြုလုပ်တဲ့ လမ်းပေါ်ထွက်လူထုလှုပ်ရှားမှုတွေမှာလည်း ကိုယ်တိုင်ကိုယ်ကျပါဝင်လုပ်ဆောင်နေသလို လှူဒါန်းမှုတွေလည်း ပြုလုပ်နေတာ တွေ့ရပါတယ်..။ နိုင်ငံရပ်ခြားကိုရောက်ရှိနေပေမယ့်လည်း အမိမြေအတွက် တစ်ဖက်တစ်လမ်းကနေ တတ်နိုင်သလောက်လုပ်ဆောင်နေတဲ့ ဥက္ကာမင်းမောင်ကတော့ CRPH အတွက်အလှူငွေတွေ ထည့်ဝင်လှူဒါန်းပြီး အားလုံးနဲ့အတူပါဝင်အားဖြည့်ခဲ့ပါသေးတယ်..။ လက်ရှိအချိန်မှာ တတ်နိုင်သလောက်လှူဒါန်းထားသလို သူ့အနေနဲ့ အသက်ရှင်နေသရွေ့ အလုပ်လုပ်နိုင်နေသရွေ့လည်း …

Read More

လှိုင်သာယာက ခက်ခဲနေတဲ့ပြည်သူတွေအတွက် သူငယ်ချင်းတွေနဲ့ပူပေါင်းပြီး စားသောက်ကုန်တွေလှူဒါန်းခဲ့တဲ့ နေဒွေး

အနုပညာလမ်းကြောင်းမှာ အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းနေတဲ့ မင်းသားနေဒွေးကတော့ လက်ရှိအခြေအနေတွေမှာ အလှူအတန်းတွေဆက်တိုက်လုပ်ဆောင်နေတာ တွေ့ရပါတယ်..။ လှူဒါန်းမှုတွေပြုလုပ်ကာ ပြည်သူတွေနဲ့အတူရပ်တည်နေပြီး တတ်နိုင်တဲ့ဘက်ကနေ အားဖြည့်ပါဝင်ပေးနေတဲ့ နေဒွေးကတော့ စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက်လည်း တတ်နိုင်သလောက် ကူညီဖေးမနေတာလည်း ဖြစ်ပါတယ်..။ အခုလိုအစစအရာရာခက်ခဲကြပ်တည်းနေကြတဲ့ အချိန်မှာ လှိုင်သာယာက စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူပူးပေါင်းပြီး စားသောက်ကုန်တွေ ပေးဝေလှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်..။ စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရသူတွေအတွက် ဆန်၊ ဆီ၊ …

Read More

မီးရထားဝန်ထမ်းတွေခက်ခဲနေကြလို့ ပေါ်ဆန်းမွှေး(၈၈)အိတ်နဲ့ ထမင်းဘူး(၁၂၅)ဘူးကို သွားရောက်လှူဒါန်းခဲ့ကြတဲ့နေဆန်းတို့ဇနီးမောင်နှံ

ရုပ်ရှင်သရုပ်ဆောင်နေဆန်းကတော့ ချစ်စရာသားသမီးလေးတွေကို ပိုင်ဆိုင်ထားပြီး ပျော်ရွှင်အေးချမ်းတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။နေဆန်းတို့ဇနီးမောင်နှံက “နယူးချစ်တီး”ဆိုတဲ့ မြန်မာထမင်းဟင်းဆိုင်ကိုလည်း ဖွင့်လှစ်ထားပြီး လူတန်းစားမရွေး စားသုံးနိုင်အောင်လို့ စျေးသက်သက်သာသာနဲ့ ရောင်းချနေတာဖြစ်ပါတယ်။ နေဆန်းတို့ရဲ့ထမင်းဆိုင်လေးမှာ ဝယ်ယူစားသုံးကြတဲ့သူတွေများပြားလို့ အမြဲတမ်းရောင်းကောင်းနေတာဖြစ်ပါတယ်။နေဆန်းတို့ဇနီးမောင်နှံကတော့ လက်ရှိမှာဆိုရင် ပြည်သူလူထုအတွက် စားသောက်ရေးမပူရအောင်လို့ အစားအသောက်တွေကို လှူဒါန်းပေးနေတာဖြစ်ပါတယ်။ နေဆန်းတို့ဇနီးမောင်နှံက နေ့တိုင်းလမ်းမပေါ်ထွက်ပြီးတော့လည်း ပြည်သူတွေနဲ့တစ်စိတ်တစ်ဝမ်းတည်းရှိကာတတ်နိုင်တဲ့ဘက်ကနေ ပါဝင်အားဖြည့်ပေးနေတာဖြစ်ပါတယ်။ နေဆန်းတို့က အလှူအတန်း၊အပေးအကမ်းရက်ရောတာကြောင့် လမ်းပေါ်မှာလှုပ်ရှားနေကြတဲ့ လူထုအတွက် နေ့တိုင်း စားစရာ၊သောက်စရာတွေကို …

Read More

ဖခင်ကို ငယ်စဉ်က ဆုံးရှုံးခဲ့ရသူမို့ မိဘမဲ့ကလေးတွေကို ကိုယ်ချင်းစာပါတယ်ဆိုတဲ့ စကားက မလုံလောက်ဘူးလို့ ရင်နာနာနဲ့ ပြောလာတဲ့ သုသု

မိတ်ကပ်ဖန်တီးရှင် ညီညီမောင် စမ်းချောင်း ( သုသု ) ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေတဲ့ သူတစ်ယောက်ပါ။ သုသုက ပြည်သူတွေနဲ့အတူ ပူးပေါင်းရပ်တည်နေသလို လိုအပ်နေတဲ့ နေရာတွေမှာလည်း သူမရဲ့ ချွေးနည်းစာထဲကနေ တတ်နိုင်သလောက် ပါဝင်လှူဒါန်းပေးနေတာကို တွေ့ရပါတယ်။ သုသုက သူမကိုယ်တိုင်လည်း လမ်းပေါ်ထွက်ပြီး ပြည်သူတွေနဲ့အတူ လူထုလှုပ်ရှားမှုကြီးမှာ ပါဝင်ခဲ့သလို Follower များတဲ့ …

Read More