



Credit နေနော်(မြဝတီ)

အ မိမြေပြန်ရောက် မှ ဘာလို ့များ ကိုယ့်ဘဝ ကို အရှုံးပေး လိုက်ရတာ လဲ ညီလေး ရယ်

ထိုင်း.မြန်မာ အမှတ်၂ တံတား မြဝတီဘက်ခြမ်း BCF ဇုန် ၌ ယနေ့ ဇူလိုင် ၄ ရက် မွန်းလွဲ ၁ နာရီ အချိန်ခန့်ကထိုင်းနိုင်ငံ မှ မြန်မာနိုင်ငံသို့ ပြန်လာသည့် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် အင်းနို့ သိပ္ပံရွာနေ စောဌေးစန်း (၂၆)နှစ်သည် လည်ပင်းအား ဓားဖြင့်လှီးလျက် သေဆုံးမှု ဖြစ်ပွား ခဲ့ပါတယ်။

ဘယ်လို အကြောင်းတရား…ဘယ်လို စိတ်ခံစားမှု နဲ့များ ကိုယ့်နိုင်ငံထဲ ပြန်ရောက်ပြီးခါမှ လည်ပင်းကို ဓားဖြင့်လှီး၍ suicide. လုပ်လိုက်ရတာလဲပေါ့….? အသက်က အခုမှ ၂၆ နှစ်သာ ရှိသေးသည်မို့ အရွယ်ကောင်းလေးပါ…။

ပြည်တော်ပြန် ခရီးကို မျှော်နေကြမယ့် နောက်ပိုင်း ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေရဲ့ စိတ်ခံစားမှုနဲ့ ပူဆွေးမှု အတိုင်းအတာ ဘယ်လောက်များ ရှိနေမလဲ..? သွားသူက သွားပြီးဖြစ်ပေမယ့် ကျန်နေသူတွေက သို့လော သို့လောဖြင့် တွေးစရာ လေးတွေ ဖြစ်ကျန် ခဲ့မယ်လို့ ထင်မိပါရဲ့…။

Leave a Reply

Your email address will not be published. Required fields are marked *