အောင်မဲညိုပွင့်နဲ့ပတ်သက်ပြီးပြန့်နေတဲ့ သတင်းမှားတွေကို ဘာအတွက် မို့လူတွေကိုသတင်းတုတွေကို လိမ်ပြီးပေးချင်ရတာလဲဗျာ

အောင်မဲညိုပွင့်နဲ့ပတ်သက်ပြီးပြန့်နေတဲ့ သတင်းမှားတွေကို ဘာအတွက် မို့လူတွေကိုသတင်းတုတွေကို လိမ်ပြီးပေးချင်ရတာလဲဗျာ

အကောင့်တုကနေ မူရင်းပိုစ့် ဘယ်သူမှန်းမသိအောင် လုပ်ထားတဲ့ ဒေါက်တာဂျိုးဇက်စော ( ခေတ္တနယူးယောက် )ရေးတယ်ဆိုပြီး သတင်းတုတစ်ခု တက်လာပါတယ်။ တအားဝိုင်းပြီး ရှဲလ်နေကြတာ။ဒီလောက်ဆေးဖက်ဝင်ပြီး အသည်းကင်ဆာကုဆေးဖော်ဖို့ သုတေသနပြုနေကြတဲ့ အောင်မဲညိုပန်းက အသည်းကင်ဆာဖြစ်စေတယ်ဆိုပြီး

သတင်းလိမ်ထားတာ တော်တော်လွန်လွန်းနေပြီ။အောင်မဲညိုကို butterfly pea flower လို့ခေါ်ပြီး Fabaceae မျိုးရင်းက ဆိုတာကလွဲလို့ ရေးထားတာတစ်လုံးမကျန် သတင်းလိမ်ဖြစ်ပါတယ်။ ဆရာကြီးပါမောက္ခဦးခင်မောင်ဝင်းကို အသုံးချထားတာ လွန်လွန်းပါတယ် ဒီအပွင့်ထဲမှာ ကင်ဆာဖြစ်စေတဲ့ Benzene တစ်မှုန်မျှမပါဝင်ပါ။

ထပ်ပြီးတော့ FAME စတဲ့ဆေးဝါးသုတေသနစက်ရုံတွေဘာညာ စသည်ဖြင့် သူရေးတာကို ခိုင်မာအောင် ထပ်လိမ်ရေးပါတယ်။အောင်မဲညိုပွင့်ကိုကမ္ဘာတစ်လွှား Caffeine free herbal tea ကဖင်းဓာတ်ကင်းမဲ့သော ကော်ဖီအစားထိုးရေနွေးကြမ်း အနေနဲ့သောက်နေကြတာကို Caffeine ပါတယ်ဆိုပြီး ပြောင်းပြန်ရေးထားတာ တရားလွန်နေပါပြီ။

Nausea အော့အန်တယ်ဆိုပြီး ထပ် လိမ်ပါတယ်။ဒီအောင်မဲညိုပန်းနဲ့ ဒညင်းသီးကို ကင်ဆာဖြစ်စေတယ်ဆိုပြီး ထပ်ညာ၊ လုံးချပါတယ်။ ဒညင်းသီးက ရုတ်တရက်ကျောက်ကပ်ပျက်စေတာပါ။ ကင်ဆာနဲ့ ဘာမှမဆိုင်။အောင်မဲညိုပန်းကို အာဖရိကဇာတိဆိုပြီး ညာရေးတာဟာ မှန်သလိုလိုနဲ့ ရမ်းရွှီးလိုက်တာ။

တကယ်က အာဖရိကအရှေ့ပိုင်းရော ၊ အရှေ့အလယ်ပိုင်းနဲ့ အာရေဗျကျွန်းဆွယ်၊ အိန္ဒိယရော ၊ အရှေ့တောင်အာရှစတဲ့ အိန္ဒိယသမုဒ္ဒရာ ပတ်ပတ်လည်ဒေသ အကုန်လုံးမှာ ဒီအပင်က သဘာဝအလျှောက် ပေါက်ပါတယ်။အာရှမှာ ဆေးဖက်ဝင်ပန်းပွင့်အနေနဲ့ ရှေးကတည်းက စားခဲ့တာ ယနေ့ခေတ်အထိပါ။

အပြာရောင်ဖြစ်စေတဲ့ ရောင်ခြယ်ပစ္စည်း anthocyanin က ဒီ အောင်မဲညိုပန်းပွင့်ထဲမှာ ternatin လို့ခေါ်ပါတယ်။အောင်မဲညိုပင်နာမည်က Clitoria ternatea မို့ပါ။ဒီအပင်ရဲ့အပွင့်ကို အသည်းကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ဟိုမုန်းထိရောက် ရင်သားကင်ဆာ၊

ဟိုမုန်းမထိရောက် ရင်သားကင်ဆာစတဲ့ကင်ဆာတွေမှာ ကင်ဆာဆဲလ်တွေကို ရွေးပြီး သတ်ပစ်တာကြောင့်ရယ် ၊ ( cytotoxic and antiproliferative properties ) ကင်ဆာပြန့်ပွားမှုကို တားမြစ်နိုင်တဲ့ဂုဏ်သတ္တိကြောင့်ရယ် ကင်ဆာကုသဆေးအဖြစ် သုသေသနလုပ်နေကြတာ အတော်ခရီးရောက်နေပါပြီ။

အောက်မှာ သုတေသနစာတမ်းပေါင်း မြောက်များစွာထဲက အတိုလေးတစ်ခုကို screenshot ရိုက်ပြီး ပြပေးထားပါတယ်။အောင်မဲညိုမြစ်ကို အသည်းယောင်၊ အသည်းခြောက်၊ အသည်းကင်ဆာတွေမှာ ( hepatoprotective compounds ) အသည်းကိုကာကွယ်ပေးတဲ့ ဒြပ်ပေါင်းတွေ ပါနေတာကို

သုတေသနပြု တွေ့ရှိထားပြီးဖြစ်ပါတယ်။ဘယ်သူမှ အောင်မဲညိုပွင့်တစ်သိန်းကို ပါးစပ်ထဲထည့်ဝါးနေမှာလည်းမဟုတ်တာမို့ တန်ဆေးလွန်ဘေး လို့ ပြောတာကိုက မှားနေပါတယ်။ ဘယ်သူမှလည်း အဲဒီလောက်မစားတော့ ဘာမှ ဘေးမဖြစ်ပါ။ဆေးအနေနဲ့က အခုခေတ်မှ လူသိများလာတာပါ။

ဒီအပွင့်ကို စားသောက်ဖွယ်ရာတွေထဲမှာ အမျိုးမျိုး လုပ်စားလာတာ ရှေးကတည်းကပါ။ဒီအပွင့်က စားလို့ရတဲ့ဟင်းသီးဟင်းရွက်လေဗျာ။ဒါကို သိပ္ပံနည်းကျပေါင်းခံတာတွေရော၊ FDA လက်မှတ်ရ အခြောက်ခံတာတွေရော ရှုပ်နေအောင် လျှောက်ရေးနေတာ။ ဒီလိုဆိုရင် ချဉ်ပေါင်ရွက်ကို မကြော်ခင် တစ်နေမလှမ်းကြနဲ့။FDA လက်မှတ်ရစက်ရုံမှာ

အခြောက်ခံပြီးမှ ဈေးထဲမှာရောင်းကြ။ဒီအပွင့်မှာ-ပဋိဇီဝ ပိုးမွှားသတ်ပေးသောအာနိသင် antimicrobial property -သန်ကောင်တုတ်ကောင်ကျစေသောအာနိသင် antiparasitic property-ယောင်ယမ်းမှု၊ အဖျားကျမှု၊နာကျဉ်ကိုက်ခဲသက်သာစေမှုအာနိသင်

anti-inflammatory ,antipyretic , analgesic property -ကင်ဆာရောဂါကာကွယ်နှိမ်နင်းနိုင်မှုအာနိသင် anticancer property -ဓာတ်တိုးမှုဆန့်ကျင်အာနိသင် antioxidant property -ဆီးချိုသွေးချိုကျစေမှုအာနိသင် antidiabetic property-Alzheimer

disease, Dementia အတိတ်မေ့သူငယ်ပြန်ရောဂါသက်သာစေသောအာနိသင် -မှတ်ဉာဏ်ပြန်ကောင်းလာနိုင်ဖွယ်ရာရှိသောအာနိသင်memory enhancing effect-စိတ်ငြိမ်၊ စိတ်ကျရောဂါ သက်သာစေသောအာနိသင် anxiolytic, antidepressant property

-သွေးတွင်း cholesterol ကိုလက်စတီရော အဆီချအာနိသင် hypolipidemic property-အစာအိမ်နာသက်သာစေသောအာနိသင် -ပန်းနာရင်ကြပ် နှင့် ဓာတ်မတည့်မှု သက်သာစေသောအာနိသင် antihistaminic , antiasthmatic property-ကိုယ်ခံအားကို တည်ငြိမ်စေသောအာနိသင် immunomodulatory property

-ဆီးရွှင်စေသောအာနိသင်၊ ဆီးကျောက်မတည်စေသောအာနိသင် diuretic effect , antiurolithiasis effect အနာကျက်စေသောအာနိသင် wound healing effect စတာတွေကို တွေ့ရှိထားပြီး ဖြစ်ပါတယ်။ သန့်သန့်ရှင်းရှင်းသာခူး၊ သန့်သန့်ရှင်းရှင်းသာအခြောက်ခံ၊အပုပ်တွေနဲ့မှိုတက်တွေ မစားနဲ့။

ဘာမှမဖြစ်ဘူး။လောကမှာ ဓာတ်မတည့်ခြင်းဆိုတာ ရှိတယ်။ တစ်ချို့ဆို ဂျုံစားမိတာတောင် မတည့်ချင် မတည့်တာ။ ဂေါ်ဖီထုပ်နဲ့မတည့်တာရှိတယ်။ ငှက်ပျောသီး စတော်ဘယ်ရီသီးနဲ့ မတည့်တာရှိတယ်။ လူတိုင်း ဘာမှမဖြစ်ဘူး။သူ့ကျမှ မတည့်ချင်လို့ကို မတည့်တာ။

ဒီတော့ ဒီအပွင့် စားကြည့်လို့ ယားတာလိုလို မူးတာလိုလို ကြပ်တာလိုလို ဖြစ်လာရင် စားမနေနဲ့။ဆေးလောက က မဟုတ်တဲ့ ပြည်သူလူထုကို ဝေဝါးအောင် ဘာဖြစ်လို့ လုပ်ကြတာလဲဗျာ။သတင်းမှားဖြစ်ရုံမက သတင်းလွဲ၊ သတင်းလိမ်တွေကို ဘာဖြစ်လို့ရေးပြီး အကုသိုလ်ယူနေကြတာလဲဆိုတာ စဉ်းစားမရ။

မူရင်းရေးသားသူအားလေးစားစွာဖြင့် ခရက်ဒစ် ပေးပါတယ်ခင်ဗျာ။Dr Aung Kyaw Thu M.B.,B.S ( MDY ) MRCP ( UK ) ( LONDON )

Leave a Reply

Your email address will not be published. Required fields are marked *