YGW ပရဟိတမိဘမဲ့ေက်ာင္းမွာ လိုအပ္ေနတဲ့ပစၥည္းေတြကို သြားေရာက္လႉဒါန္းေပးခဲ့တဲ့ ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ ယုန္ေလး

ယုန္ေလးကေတာ့ ဂီတအႏုပညာရွင္ တစ္ေယာက္ျဖစ္သလို သ႐ုပ္ေဆာင္ တစ္ေယာက္အျဖစ္ အႏုပညာနယ္ပယ္မွာ ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈနဲ႔ ရပ္တည္ေနထိုင္ခဲ့ၿပီလည္း ျဖစ္ပါတယ္။ ယုန္ေလးဟာဆိုရင္

အဆိုပိုင္းမွာသာ ထူးခြၽန္ေနတာမဟုတ္ပဲ သ႐ုပ္ေဆာင္ပိုင္းမွာလည္း ေအာင္ျမင္မႈေတြကို ရယူထားႏိုင္ခဲ့ၿပီလည္း ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြထဲမွာ ပါဝင္သ႐ုပ္ေဆာင္ လာတာကိုလည္း

ပရိသတ္ေတြ သိရွိၿပီးသားျဖစ္မွာပါေနာ္။ ယုန္ေလးကေတာ့ စိတ္သေဘာထား ျပည့္ဝၿပီးသူတစ္ပါးေပၚမွာ အၿမဲကူညီတက္ကာ အလႉအတန္းေတြကိုလည္း တက္ႏိုင္သေလာက္ ပါဝင္လႉဒါန္းေပးတာကို ေတြ႕ရပါတယ္။

လတ္ရွိမွာေတာ့ အႏုပညာအလုပ္ေတြကို ခဏတာ ရပ္နားထားခဲ့ရေပမယ့္ ပရိသတ္ေတြနဲ႔ ေဝးကြာမသြားေအာင္ သူ႔ရဲ႕လႈပ္ရွားမႈ ပုံရိပ္ေလးေတြကို ေဖာ္ျပေပးေလ့ရွိပါတယ္။ ယခုတစ္ခါမွာေတာ့ ပရိသတ္ေတြ

ၾကည္ႏူးပီတိ ျဖစ္စရာေကာင္းလွတဲ့ အလႉပုံရိပ္ေလးေတြကို တင္ေပးလာခဲ့ပါတယ္။ ဒီပုံေလးေတြကေတာ့ YGW ပရဟိတ မိဘမဲ့ေက်ာင္းကို သြားေရာက္လႉဒါန္းခဲ့ အလႉပုံရိပ္ေလးေတြပဲ ျဖစ္ပါတယ္။

ဒီပုံေလးေတြနဲ႔လည္း ယုန္ေလးက “YGW ပရဟိတ မိဘမဲ့ေက်ာင္းသို႔ ကြၽန္ေတာ္, Min Z, A4 ေက်ာ္စြာႏွင့္ ဦးေအာင္ခိုင္တို႔ ကိုလူေခ်ာအဖြဲ႕ သြားေရာက္လႉဒါန္းခဲ့ပါတယ္။ ကေလးေလးေတြ ႏိူ႔မုန႔္ပ်က္ေနတဲ့

ဆိုတဲ့အတြက္ Lactogen 1 ေရာ 2 ေရာ 120 အဟာရ 40၊ 777 မွ စာအုပ္ ၅၄ ဒါဇင္၊ လႉဒါန္းေငြမွ စာအုပ္အေကာင္း ဒါဇင္ ၃၀၀၊ ခဲတံ ေဘာ္ပင္တို႔လႉဒါန္းၿပီး ကေလးငယ္မ်ားကိုပါ စိတ္ခြန္းအား ေပးခဲ့ပါတယ္”

ဆိုၿပီး သူ႔ရဲ႕လူမႈကြန္ယက္ စာမ်က္ႏွာေပၚမွာ ေရးသားထားပါေသးတယ္။ ခ်စ္ပရိသတ္ေတြလည္း ယုန္ေလးတို႔ရဲ႕ စုေပါင္းအလႉေလးကို ဆုမြန္ေကာင္းေလး ေတာင္းေပးလိုက္ပါဦးေနာ္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

ယုန်လေးကတော့ ဂီတအနုပညာရှင် တစ်ယောက်ဖြစ်သလို သရုပ်ဆောင် တစ်ယောက်အဖြစ် အနုပညာနယ်ပယ်မှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုနဲ့ ရပ်တည်နေထိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ ယုန်လေးဟာဆိုရင်

အဆိုပိုင်းမှာသာ ထူးချွန်နေတာမဟုတ်ပဲ သရုပ်ဆောင်ပိုင်းမှာလည်း အောင်မြင်မှုတွေကို ရယူထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေထဲမှာ ပါဝင်သရုပ်ဆောင် လာတာကိုလည်း

ပရိသတ်တွေ သိရှိပြီးသားဖြစ်မှာပါနော်။ ယုန်လေးကတော့ စိတ်သဘောထား ပြည့်ဝပြီးသူတစ်ပါးပေါ်မှာ အမြဲကူညီတက်ကာ အလှူအတန်းတွေကိုလည်း တက်နိုင်သလောက် ပါဝင်လှူဒါန်းပေးတာကို တွေ့ရပါတယ်။

လတ်ရှိမှာတော့ အနုပညာအလုပ်တွေကို ခဏတာ ရပ်နားထားခဲ့ရပေမယ့် ပရိသတ်တွေနဲ့ ဝေးကွာမသွားအောင် သူ့ရဲ့လှုပ်ရှားမှု ပုံရိပ်လေးတွေကို ဖော်ပြပေးလေ့ရှိပါတယ်။ ယခုတစ်ခါမှာတော့ ပရိသတ်တွေ

ကြည်နူးပီတိ ဖြစ်စရာကောင်းလှတဲ့ အလှူပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးတွေကတော့ YGW ပရဟိတ မိဘမဲ့ကျောင်းကို သွားရောက်လှူဒါန်းခဲ့ အလှူပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။

ဒီပုံလေးတွေနဲ့လည်း ယုန်လေးက “YGW ပရဟိတ မိဘမဲ့ကျောင်းသို့ ကျွန်တော်, Min Z, A4 ကျော်စွာနှင့် ဦးအောင်ခိုင်တို့ ကိုလူချောအဖွဲ့ သွားရောက်လှူဒါန်းခဲ့ပါတယ်။ ကလေးလေးတွေ နိူ့မုန့်ပျက်နေတဲ့

ဆိုတဲ့အတွက် Lactogen 1 ရော 2 ရော 120 အဟာရ 40၊ 777 မှ စာအုပ် ၅၄ ဒါဇင်၊ လှူဒါန်းငွေမှ စာအုပ်အကောင်း ဒါဇင် ၃၀၀၊ ခဲတံ ဘော်ပင်တို့လှူဒါန်းပြီး ကလေးငယ်များကိုပါ စိတ်ခွန်းအား ပေးခဲ့ပါတယ်”

ဆိုပြီး သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာပေါ်မှာ ရေးသားထားပါသေးတယ်။ ချစ်ပရိသတ်တွေလည်း ယုန်လေးတို့ရဲ့ စုပေါင်းအလှူလေးကို ဆုမွန်ကောင်းလေး တောင်းပေးလိုက်ပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *