မန္တလေးမြို့ ပြည်ကြီးတံခွန်က မီးဘေးသင့်တဲ့နေရာကို သွားရောက်ပြီး ပြည်သူတွေနဲ့အတူ လိုအပ်တာတွေကို စုပေါင်းလှူဒါန်းခဲ့တဲ့ Oasix

အဆိုတော် Oasixကတော့ ဒီကနေ့ မတ်လ ၂၉ရက်နေ့မှာ မန္တလေးမြို့ ပြည်ကြီးတံခွန်က မီးဘေးသင့်တဲ့ နေရာထံ သွားရောက်ပြီး ပြည်သူတွေနဲ့အတူ ပူးပေါင်းကာ လိုအပ်တာတွေကို လှူဒါန်းခဲ့ပါတယ်။

သူရဲ့ Facebook Account ထက်မှာ အလှူပုံရိပ်တွေကို တင်ပေးလာရင်း ” ဒီနေ့ မန္တလေး ပြည်ကြီးတံခွန် မီးဘေးသင့်တဲ့ နေရာသို့ ပြည်သူတွေစုပေါင်းလှူကြတဲ့ ဆန် ဆီ ဆား စောင် ခြင်ထောင် ခေါင်းအုံး အဝတ်အထည်မျိုးစုံ ခေါက်ဆွဲခေါက်…..

လူအသုံး အဆောင်တွေနှင့် စုပေါင်းအလှူငွေ ၂၄၀၀၀၀ကျပ် အစရှိသည်တို့ကို မြို့ထဲကနေ သယ်ပြီး သူတို့ဆီကို သွားပို့လှူခဲ့ပါတယ် ပစ္စည်းတွေအရမ်းများနေလို့ ၃ ခေါက်တိတိ သွားယူပြီး ပို့ပေးခဲ့ပါတယ် အလှူလုပ်ရင် ဘယ်အချိန်မဆို Ready ရှိနေပေးတဲ့ ချစ်ရသော မန္တလေး က ကလေးများနှင့် ပြည်သူများကို ကျေးဇူးတင်ပါတယ် မန္တလာ မျက်စိဆေးခန်း မိသားစု နဲ့ သရက်ကုန်းကျောင်းတိုက်က ဘုန်းဘုန်းတို့ကိုလည်း ကျေးဇူးတင်ပါတယ်

သူတို့ဆီမှာ အဝတ်အစားတွေက အဆင်ပြေပါပြီတဲ့ ဖြစ်နိုင်ရင် လူအသုံးအဆောင်တွေရယ် အိမ်ပြန်ဆောက်ဖို့ သစ်သားတို့ ငွေကြေးတို့ အဓိကလိုပါတယ်တဲ့ သွားလှူမဲ့သူတွေအတွက် သတင်းစကားပါးလိုက်ပါတယ် အခုလို ခက်ခဲနေတဲ့ကြားက လှူရသော အကျိုးကြောင့် မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းခြင်း အစစ်အမှန် ရရှိပါစေ

ပြုသမျှ ကုသိုလ်တွေအတွက် သာဓုခေါ်ပါ ” ဆိုတဲ့ စာသားကိုလည်း ရေးသားမျှဝေလာခဲ့ပါတယ်။ လိုအပ်တဲ့ ပစ္စည်းတွေကို သွားရောက်လှူဒါန်းခဲ့တဲ့အပြင် နောက်ထပ် လှူဒါန်းချင်တဲ့ စေတနာရှင်တွေအတွက်လည်း ပြောပြပေးလာတဲ့ Oasixရဲ့ ပုံရိပ်နဲ့ စာသားတွေကို ပရိသတ်တွေထံ ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

သတင်းအရင်းမြစ်: Source & Photo credit – Oasix’s Facebook Page

Leave a Reply

Your email address will not be published. Required fields are marked *