ဒီလိုကာလမှာ အဆင်မပြေခက်ခဲနေကြသူတွေ အများကြီးရှိနေတာကြောင့် တတ်နိုင်သလောက်လိုအပ်တာတွေလှူဒါန်းပေးခဲ့တဲ့ တိုင်ရွန်

တိုင်ရွန်ကတော့ ဖေဖော်ဝါရီလထဲကစတင်ခဲ့တဲ့ ဒီလူထုလှုပ်ရှားမှုကြမှာ စိတ်ရောကိုယ်ပါနှစ်ပြီး အဓိကပါဝင်နေတဲ့သူတစ်ယောက်ဖြစ်တာကြောင့် အားလုံးက လေးစားနေကြတာပါ။သူကိုယ်တိုင်လည်း လမ်းမပေါ်ထွက်ကာ လှုပ်ရှားမှုတွေမှာနည်းမျိုးစုံနဲ့ပါဝင်ခဲ့သလို ပြည်သူတွေကို ရှေ့တန်းကနေ နေကာ ဖြိုခွင်းသမျှကို ကာကွယ်ခုခံပေးခဲ့တာလည်းတွေ့ရပါတယ်။

ဒါ့အပြင် ပုံစံမျိုးစုံနဲ့ လုပ်ဆောင်နေတဲ့ ဒီလူထုလှုပ်ရှားမှုတွေကိုလည်း နိုင်ငံတကာက လူတွေ ပိုမိုသတိထားမိနိုင်အောင်  ကြိုးစားနေတာလည်းဖြစ်ပါတယ်။တိုင်ရွန်အနေနဲ့ လူထုဆန္ဒထုတ်ဖော်မှုတွေမှာ အင်တိုက်အားတိုက်ပါဝင်ခဲ့သလို လှုပ်ရှားမှုပြုလုပ်ရာမှာလည်း လိုအပ်တဲ့ အကာအကွယ်ပစ္စည်းတွေကို လှူဒါန်းခဲ့တာလည်းတွေ့ရပါတယ်။

အခုလည်း ဒီလိုကာလမှာ စားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့ နယ်ကပြည်သူတွေကို ဆန် ၊ ဆီနဲ့ အလှူငွေများ သွားရောက်လှူဒါန်းဖြစ်ခဲ့ကြောင်း အလှူပုံလေးတွေနဲ့အတူ ” ကျွန်နော်ပျောက်နေတယ် ဟုတ်ပါတယ်

လိုင်းမရလို့ပါ အများကြီးဗျာ အများကြီး အဆင်မပြေကြဘူး ဒီကာလမှာ တချို့ ဆန်ပြုတ်သောက်နေရသူတွေတောင် ရှိတယ် ဆက်ပြီးတောင့်ခံပေးကြလို့လဲ ကျေးဇူးတင်တယ်  ဖြစ်နိုင်ရင် အကုန် ကျွန်နော် အမြဲလှူနေချင်တယ်ဗျာ ဒါပေမယ့် နိုင်သလောက်လေးနဲ့ ပါဘဲ “ဆိုတဲ့စာလေးကိုရေးသားဝေမျှထားရာ ပရိသတ်ကြီးလည်း တိုင်ရွန်ရဲ့အလှူလေးကို သာဓုခေါ်နိုင်စေရန် ပြန်လည်မျှဝေပေးရင်း ပြည်သူအားလုံး ဘေးအန္တရာယ်ကင်ရှင်းပြီး အေးချမ်းကြပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *