နိုင်ငံခြားသားဦးဇင်းတစ်ပါး က လမ်းပေါ်က ကလေးတွေကို သူ့အိတ်ထဲရှိ သမျှ ပိုက်ဆံကို အကုန်လိုက်ဝေ နေတဲ့မြင်ကွင်းလေး
ဝေဇယန္တာလမ်းနဲ့ ပါရမီလမ်းထောင့်က မီးပွိုင့်မှာ နိုင်ငံခြားသားဦးဇင်းတစ်ပါးက လမ်းပေါ်က ကလေးတွေကို သူ့အိတ်ထဲရှိသမျှ ပိုက်ဆံကို အကုန်လိုက်ဝေနေတာတွေ့ခဲ့ရပါတယ်။ကိုယ်တွေကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို အမြတ်တနိုးကိုးကွယ်တဲ့အတွက်ရော ကလေးတွေကိုလှူဒါန်းတဲ့ စိတ်ထားကိုပါ လေးစားအားကျပြီး ပီတိဖြစ်ရပါတယ်။အများသူငှာ သာဓုခေါ်ရစေဖို့တင်ပေးလိုက်ပါတယ်။
ဦးဇင်းဟာ ရဟန်းဝိနည်းနဲ့အညီ လမ်းတစ်လျှောက်လုံး ဖိနပ်လုံးဝမပါဘဲ သွားတာတွေ့ခဲ့ရပါတယ်။အလွန်ကြည်ညိုစရာပါ။စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။
အခုလိုအချိန်ပေးပြီး ဖတ်ရှု အားပေး ခဲ့ကြတဲ့ ပရိတ်သတ်ကြီး အားလုံး ဘေးအန္တရာယ် များ ကင်းဝေးကြပြီး မြန်မာပြည်ကြီးလဲ အမြန်ဆုံး ငြိမ်းချမ်းပါစေ လို့ ဆုမွန်ကောင်း တောင်း ပေး လိုက် ရပါတယ်။
Credit SAN THITSA
(ZAWGYI)
Credit SAN THITSA
Leave a Reply
Your email address will not be published. Required fields are marked *