နေ့စဉ်ဆွမ်းအခက်အခဲဖြစ်နေတဲ့သီလရှင်ကျောင်းအတွက် သဒ္ဓါတရားနည်းများမဆို ပါဝင်လှူဒါန်းပေးဖို့ နှိုးဆော်လာတဲ့ ပြည်သူတစ်ဦး

လက်ရှိမှာဆိုရင် မြန်မာပြည်တွင်းမှာ စီးပွါးရေးတွေကြပ်တည်းနေကြပြီး လူတိုင်းနီးပါးခက်ခဲနေကြတာဖြစ်ပါတယ်။ပြည်သူလူထုကလည်း အချင်းချင်းကာကွယ်စောင့်ရှောက်ပေးကြပြီး အခုကာလမှာအလှူအတန်းတွေလည်းလုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။တချို့ဘုန်းကြီးကျောင်းတွေနဲ့သီလရှင်ကျောင်းတွေဆိုရင် ကိုဗစ်ကာလကတည်းက ဆွမ်းအခက်အခဲနဲ့ကြုံတွေ့နေရတာဖြစ်ပါတယ်။

အခုဆိုရင်လည်း ပညာသိင်္ဂီသီလရှင်ကျောင်းမှာ နေ့စဉ် ဆွမ်းအခက်အခဲနဲ့ ကြုံတွေ့နေရကြောင်းကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပြည်သူတစ်ဦးကမျှဝေလာခဲ့တာဖြစ်ပါတယ်။ပြည်သူတွေကတော့ အခက်အခဲရှိနေတဲ့နေရာတိုင်းကို တတ်နိုင်သလောက်ကူညီလှူဒါန်းကြပြီး သဒ္ဓါတရားထက်သန်ကြတာဖြစ်ပါတယ်။ပညာသိင်္ဂီသီလရှင်ကျောင်းမှာ ဆရာလေး (၃၂)ပါးရှိပြီး ယခုကာလမှာ အဆင်ပြေသလိုဖြတ်သန်းနေကြတာဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာဆိုရင် အဆင်မပြေကြတဲ့သူတွေကို လူပေါင်းများစွာက အလှူငွေစုပေါင်းပြီး တစ်နိုင်တစ်ပိုင်လှူဒါန်းပေးနေကြတာဖြစ်ပါတယ်။ပညာသိင်္ဂီ သီလရှင်ကျောင်းလေးကို တိုက်ရိုက်သွားပြီးလှူဒါန်းချင်သူတွေအတွက်လည်း (အမှတ်၇၀/ ပညာသိင်္ဂီကျောင်းလမ်း၊၁၀မိုင်စျေးလမ်း၊အင်းစိန်မြို့နယ်)ကို ကိုယ်တိုင်သွားလို့ရပါတယ်။

အလှူအတန်းရက်ရောတဲ့ ပြည်သူတွေအတွက် သဒ္ဓါတရားနည်းများမဆို ပါဝင်လှူဒါန်းရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *