ဘဝမှာ ငွေကြေးချမ်းသာဖို့ထက် ကိုယ့်လိပ်ပြာကိုယ်လုံဖို့ အရေးကြီးကြောင်း ပြောပြလာတဲ့ စူးရှထက်

မော်ဒယ် စူးရှထက်ကတော့  အလှူရေစက်လက်နဲ့မကွာဆိုသလို  ကုသိုလ်ရေးမှာ ရှေ့ဆုံးကနေ  ဦးဆောင်  လှူဒါန်းနေသူ တစ်ဦးဖြစ်ပါတယ်။ စိတ်ထားကောင်းပြီး  လူတိုင်းအပေါ်လည်း  ကူညီချင်စိတ်ရှိသူ  ဖြစ်တာကြောင့်  ပရိသတ်တွေက  ချစ်ခင်အားပေးနေကြတာလည်း  ဖြစ်ပါတယ်။  အလှူတွေကိုလည်း  အမြဲမပြတ်လှူဒါန်းနေပြီး  အခြေအနေတွေကြောင့် ပုံတွေ မတင်ဖြစ်ကြောင်းကိုလည်း  ပရိသတ်တွေကို ရှင်းပြထားပါသေးတယ်။

ပရိသတ်တွေကလည်း  သူမရဲ့ လုံခြုံရေးကို  စိတ်ပူနေကြပေမယ့်လည်း  စူးရှထက်ကတော့  အဆင်ပြေစွာ  ရှိနေကြောင်းကို  လူမှုကွန်ယက်စာမျက်နှာထက်တွင်  အမြဲရေးသား ဝေမျှပေးနေတာ  ဖြစ်ပါတယ်။  မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  စူးရှထက်ရဲ့Facebook အကောင့်တွင်  ဘဝမှာ ငွေကြေးချမ်းသာဖို့ထက် ကိုယ့်လိပ်ပြာကိုယ်လုံဖို့ အရေးကြီးကြောင်း ရေးသား ပြောပြလာပါသေးတယ်နော်။

” ဘဝမှာ ပိုက်ဆံရှိဖို့ မလိုဘူး

လိပ်ပြာ လုံဖို့ပဲလိုတယ်ဟေ့

ကိုယ်စားတဲ့ ထမင်းအလုတ်တိုင်း

ဘယ်သူ့ကျေးဇူးတွေပါနေလဲဆိုတာ သတိရကြပါ

ကိုယ့်ကိုထမင်းကျွေးတဲ့သူတွေပေါ်

ဘယ်တော့မှ မစော်ကားမိပါစေနဲ့ 🙏🙏🙏” ဆိုပြီး ရေးသားထားတာ  ဖြစ်ပါတယ်။  ပရိသတ်တွေကလည်း  သူမရဲ့ ဒီလိုစိတ်ထားလေးကြောင့်  ပိုပိုပြီး  ချစ်လာတယ်လို့လည်း  မှတ်ချက်ပေးရေးသားထားကြတာပါ။  အားလုံးလည်း  သိရှိနိုင်စေရန်အတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည်  ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Zar Chi’s Facebook Account

Leave a Reply

Your email address will not be published. Required fields are marked *