ဇဏ္ခီတို႔ မိသားစုအား ေနအိမ္တြင္ ေစာင့္ၾကည့္ေနေၾကာင္း စစ္ေကာင္စီ ထုတ္ျပန္

ဧရာဝတီ၊ ဧၿပီ ၂၂ ၊ ၂၀၂၁ ။
သ႐ုပ္ေဆာင္ ဇဏ္ခီတို႔ မိသားစုႏွင့္ အမ်ိဳးသမီး တဦးတို႔ကို ၿပီးခဲ့တဲ့ ဧၿပီ ၁၇ ရက္ေန႔က ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္မွာ အရပ္ဝတ္ လူတစုက ေခၚေဆာင္သြားခဲ့ၿပီး၊ စစ္ေဆးေမးျမန္းမႈမ်ား ျပဳလုပ္ရန္ ၎တို႔၏ ေနအိမ္္မွာ ေစာင့္ၾကည့္လ်က္ ရွိေၾကာင္း စစ္ေကာင္စီပိုင္ မီဒီယာမွ ယေန႔ည သတင္းမွာ ထုတ္ျပန္ ေၾကညာသြားပါတယ္။

ဇဏ္ခီ၊ ခရစၥတီနားခီ၊ သားျဖစ္သူနဲ႔အတူ အမ်ိဳးသမီးတဦး အပါအဝင္ ၄ ဦးဟာ ရန္ကုန္ကေန ဘန္ေကာက္ကို ထြက္ခြာမယ့္ MAI ေလေၾကာင္းလိုင္းနဲ႔ လိုက္ပါဖို႔ ရန္ကုန္ေလဆိပ္ကို ေရာက္ရွိေနခ်ိန္မွာ ခရီးစဥ္အား ေခတၱ တားျမစ္ကာ သူတို႔ကို စစ္ေဆးမႈခံယူဖို႔ ေခၚေဆာင္သြားခဲ့တာလို႔ သိရပါတယ္။

ဇဏ္ခီနဲ႔ ခရစၥတီးနားခီတို႔ႏွစ္ဦးဟာ အေမရိကန္ႏိုင္ငံသား ခံယူထားသူေတြ ျဖစ္ၾကတယ္လို႔ သူတို႔နဲ႔ နီးစပ္တဲ့ ဝါရင့္ အႏုပညာရွင္တဦးက ဧရာဝတီကို အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။

လက္ရွိမွာေတာ့ ပုဒ္မ ၅၀၅-က နဲ႔ တရားစြဲဆို ခံထားရသူေတြထဲ အႏုပညာရွင္ေတြထဲက သ႐ုပ္ေဆာင္ လူမင္း၊ ေျပတီဦး၊ ရဲတိုက္၊ ပိုင္တံခြန္၊ အိျႏၵာေက်ာ္ဇင္၊ Beauty Blogger ဝင္းမင္းသန္း၊ အဆိုေတာ္ ပိုပိုတို႔ ဖမ္းဆီးခံထားရၿပီး၊ ဇာဂနာ၊ ဇင္ဝိုင္းနဲ႔ မ်ိဳးသႏၲာထြန္းတို႔လည္း ဖမ္းဆီးခံထားရပါတယ္။

Unicode

ဧရာဝတီ၊ ဧပြီ ၂၂ ၊ ၂၀၂၁ ။
သရုပ်ဆောင် ဇဏ်ခီတို့ မိသားစုနှင့် အမျိုးသမီး တဦးတို့ကို ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အရပ်ဝတ် လူတစုက ခေါ်ဆောင်သွားခဲ့ပြီး၊ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ရန် ၎င်းတို့၏ နေအိမ်မှာ စောင့်ကြည့်လျက် ရှိကြောင်း စစ်ကောင်စီပိုင် မီဒီယာမှ ယနေ့ည သတင်းမှာ ထုတ်ပြန် ကြေညာသွားပါတယ်။

ဇဏ်ခီ၊ ခရစ္စတီနားခီ၊ သားဖြစ်သူနဲ့အတူ အမျိုးသမီးတဦး အပါအဝင် ၄ ဦးဟာ ရန်ကုန်ကနေ ဘန်ကောက်ကို ထွက်ခွာမယ့် MAI လေကြောင်းလိုင်းနဲ့ လိုက်ပါဖို့ ရန်ကုန်လေဆိပ်ကို ရောက်ရှိနေချိန်မှာ ခရီးစဉ်အား ခေတ္တ တားမြစ်ကာ သူတို့ကို စစ်ဆေးမှုခံယူဖို့ ခေါ်ဆောင်သွားခဲ့တာလို့ သိရပါတယ်။

ဇဏ်ခီနဲ့ ခရစ္စတီးနားခီတို့နှစ်ဦးဟာ အမေရိကန်နိုင်ငံသား ခံယူထားသူတွေ ဖြစ်ကြတယ်လို့ သူတို့နဲ့ နီးစပ်တဲ့ ဝါရင့် အနုပညာရှင်တဦးက ဧရာဝတီကို အတည်ပြု ပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ ပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆို ခံထားရသူတွေထဲ အနုပညာရှင်တွေထဲက သရုပ်ဆောင် လူမင်း၊ ပြေတီဦး၊ ရဲတိုက်၊ ပိုင်တံခွန်၊ အိန္ဒြာကျော်ဇင်၊ Beauty Blogger ဝင်းမင်းသန်း၊ အဆိုတော် ပိုပိုတို့ ဖမ်းဆီးခံထားရပြီး၊ ဇာဂနာ၊ ဇင်ဝိုင်းနဲ့ မျိုးသန္တာထွန်းတို့လည်း ဖမ်းဆီးခံထားရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *