မင်္ဂလာနှစ်ပတ်လည် (၁၉) နှစ်ပြည့်မှာ စိတ်ကျန်းမာရေးဆေးရုံအတွက် (၁၅) သိန်းကျော်လှူဒါန်းခဲ့တဲ့ ခိုင်သင်းကြည်တို့ဇနီးမောင်နှံ

ခိုင်သင်းကြည်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာ ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပါ။ ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာလောထဲမှာ အောင်မြင်လာခဲ့ပြီး သူမရဲ့အောင်မြင်မှုဟာ ဆယ်စုနှစ်တွေကျော်လွန်လာခဲ့ပါပြီ။

သာယာအေးချမ်းတဲ့ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားကာ အားလုံးက အားကျချစ်ခင်နေရတာပါ။

ဒါ့အပြင် အလှူအတန်းနဲ့ ပတ်သက်ရင်လည်း ခိုင်သင်းကြည်တို့ မိသားစုက အလှူရေစက် လက်နဲ့မကွာဆိုသလို လှူဒါန်းနေတဲ့ သဒ္ဓါတရားထက်သန်လှတဲ့ မိသားစုလည်းဖြစ်ပါတယ်။

အမြဲတမ်းလိုလို အထိမ်းအမှတ်နေ့လေးတွေနဲ့ အခါအခွင့်သင့်ရင်သင့်သလို အလှူလေးတွေကို မိသားစုလိုက်စိတ်သဘောထားတူညီစွာနဲ့ လှူဒါန်းလေ့ရှိကြတဲ့အတွက် ပရိသတ်တွေက တစ်မိသားစုလုံးကို လေးစားနေကြရတာပါ။

အခုလည်း သူတို့ဇနီးမောင်နှံရဲ့ မင်္ဂလာနှစ်ပတ်လည် (၁၉) နှစ်ပြည့်မှာ စိတ်ကျန်းမာရေးဆေးရုံအတွက် (၁၅) သိန်းကျော်လှူဒါန်းကာ ကောင်းမှုကုသိုလ်ပြုလုပ်ဖြစ်ခဲ့ကြောင်း အလှူမှတ်တမ်းပုံလေးနဲ့တကွဖော်ပြထားတာတွေ့ရပါတယ်။

ခိုင်သင်းကြည်တို့မိသားစုလည်း ဒီထက်မက လှူဒါန်းနိုင်ပါစေ ဆုတောင်းပေးရင်း အလှူပုံလေးတွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *