တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးရုပ်သံ KBS ကတောင် တောထဲလိုက်လာပြီး PDF လူငယ်တွေ အပြင်းအထန် လေ့ကျင့်နေကြတာကို ရိုက်ကူးနေတဲ့ပုံရိပ်

မြန်မာပြည်တွင်းအရေးကိစ္စမှာဆိုရင် တောင်ကိုရီးယားနိုင်ငံကလည်း တစ်ထောင့်တစ်နေရာကနေ ကူညီပေးနေကြတာဖြစ်ပါတယ်။ဒါ့အပြင် တောင်ကိုရီးယားနိုင်ငံကို ခေတ္တရောက်ရှိနေကြတဲ့ မြန်မာလူမျိုးတွေကို ကိုရီးယားပြည်သူတွေက စိတ်ဓာတ်ခွန်အားပေးနေကြတာဖြစ်ပါတယ်။

အခုလိုမျိုး အဘက်ဘက်ကနေ ကူညီဖေးမပေးနေကြတဲ့တောင်ကိုရီးယားနိုင်ငံကို မြန်မာပြည်သူ၊ပြည်သားတွေကလည်း ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ အရမ်းကျေးဇူးတင်နေကြတာဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ နာမည်ကြီးရုပ်သံဌာနတွေက မြန်မာပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာကိုကိုရီးယားပြည်သူတွေသိအောင်လို့ သတင်းအဖြစ်ဖော်ပြပေးနေတာဖြစ်ပါတယ်။

မြန်မာပြည်တွင်းမှာတော့ လက်ရှိအခြေအနေကြီးဟာ (၄)လ ကျော်ကြာသွားပေမယ့် ပြည်သူလူထုကလည်း အရာရာကိုပေးဆပ်ပြီး ဆက်လက်ကြိုးစားနေကြဆဲဖြစ်ပါတယ်။

PDF အဖွဲ့ဝင်လူငယ်လေးတွေက တောတောင်ထဲမှာ အပြင်းအထန်လေ့ကျင့်နေကြပြီး ပြည်သူတွေကို ကာကွယ်ဖို့အတွက် စိတ်အားထက်သန်နေကြတာဖြစ်ပါတယ်။

အခုဆိုရင်တော့ တောတွင်းတစ်နေရာမှာ လေ့ကျင့်နေကြတဲ့ PDF အဖွဲ့တွေကို တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ KBS မှ လာရောက်ရိုက်ကူးနေတာဖြစ်ပါတယ်။

လူငယ်လေးတွေရဲ့ ရဲစွမ်းသတ္တိနဲ့အခက်အခဲပေါင်းစုံကို ကျော်ဖြတ်နေကြတဲ့အကြောင်းတွေ ကိုရီးယားသတင်းမှာ ပါလာတော့မှာဖြစ်ပါတယ်။

အခုလိုမျိုး တိုင်းပြည်နဲ့ ပြည်သူတွေရဲ့အနာဂတ်အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး ကြိုးစားဆောင်ရွက်နေကြတဲ့လူငယ်လေးတွေကို လေးစားဦးညွှတ်ရင်း ဒီအကြောင်းအရာလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *