အစာကျွေးခဲ့သူကို နောက်နေ့မှာ အကြွေးချက်ချင်းပြန်လာဆပ်ခဲ့တဲ့ လမ်းဘေးခွေးလေး

ပြီးခဲ့တဲ့ဆောင်ရာသီက ငါးစိမ်သည်အမျိုးသမီးဟာ သူမရဲ့ဆိုင်ရှေ့မှာ ဆာလောင်နေ

ပြီး အေခဲလွန်းတဲ့ဒဏ်ကြောင့် ဒုက္ခရောက်နေတဲ့ခွေးလေးကို မကြည့်ရက်တဲ့အဆုံး

သူမရဲ့စားကြွင်းစားကျန်တွေကို နွေးပြီး ခွေးလေးကိုကျွေးခဲ့ပါတယ် ။ သူမ နဲ့ ခွေး

လေးရဲ့ တွေ့ဆုံမှုက အဲ့ကနေစတင်ခဲ့တာပါ ။ နောက်ရက်တွေမှာတော့ ခွေးလေးဟာ

နေ့ရောညပါ မကြာခဏသူမရဲ့ဆိုင်ကို အလည်လာခဲ့ပါတယ် ။ ခွေးလေးဟာ ပြသာ

နာမရှာဘဲ သူမရဲ့ဆိုင်ကို ကြည့်ရှုစောင့်ရှောက်ကူနေခဲ့ပါတယ် ။ တစ်ရက်မှာတော့

သူခိုးက သူမရဲ့ပိုက်ဆံအိတ်ကို ခိုးယူသွားခဲ့ချိန် ခွေးလေးဟာ အလျင်အမြန်ဘဲ

ပိုက်ဆံအိတ်ကို လိုက်ဆွဲယူခဲ့ပါတယ် ။

ခွေးလေးရဲ့ အပြုအမှုလေးက ချစ်ဖို့ကောင်းလွန်းနေလို့ သူမကလည်း ကျန်ရှိနေတဲ့

အစားအစာတွေကို နွေးပြီး ခွေးလေးကိုထပ်မံကျွေးခဲ့ပါတယ် ။ နောက်ပိုင်း ခွေးလေး

နဲ့ သူမတို့ ပိုမိုရင်းနှီးလာခဲ့ပြီး ခွေးလေးဟာလည်း သူမရဲ့စောင့်ရှောက်မှုကြောင့်

အတော်လေးနေပြန်ကောင်လာခဲ့ပါတယ် ။သို့ပေမဲ့လည်း ခွေးလေးဟာ အခြားခွေး

တွေနဲ့မတူဘဲ အရမ်းကိုတာဝန်သိတတ်စိတ်ရှိနေခဲ့ပါတယ် ။ အဲတာကတော့ ဆိုင်ရှင်

တစ်ယောက်လို သူမရဲ့ဆိုင်ကို အမြဲစောင့်ကြည့်ပေးနေလို့ပါပဲ ။

ဒေသခံတွေကလည်း အဆိုပါဆိုင်လေးထဲမှာ ဆိုင်ရှင်သူဋ္ဌေးလို အမြဲဆိုင်စောင့်နေတဲ့

ခွေးလေးတစ်ကောင်ရှိနေမှန်း သိလို့ အမြဲလာရောက်ကြည့်ရှုကြပြီး ၊ ဆိုင်ကို

အားပေးဝယ်ယူသူတွေကလည်း တိုးများလာခဲ့ပါတယ် ။ ခွေးလေးဟာ သူ့အပေါ်

ချစ်ခြင်းမေတ္တာ ၊ ဂရုစိုက်မှုတွေနဲ့ ကယ်တင်ပေးခဲ့တဲ့ ငါးစိမ်းသည်အမျိုးသမီးကို သူမ

ရဲ့ဆိုင်အား ပြန်စောင့်ကြည့်ပေးတဲ့ လုပ်ရပ်မျိုးနဲ့ ကျေးဇူးဆပ်နေခဲ့ပါတယ် ။

တစ်ကယ့်ကို ကျေးဇူးကြွေး ပြန်ဆပ်တတ်တဲ့ ခွေးလေးလို့ ပြောရမှာပါပဲ ။

Leave a Reply

Your email address will not be published. Required fields are marked *