အနီရောင်၀တ်စုံတွေ၀တ်ကြပြီး ရဲရဲနီကာဇွဲမလျှော့ကြပဲ ဆန္ဒထုတ်ဖော်နေကြတဲ့ဖားကန့်တာမခန်သပိတ်စစ်ကြောင်း

ဖိနှိပ်မှုတွေနဲ့ ဖမ်းဆီးထိန်းသိမ်းမှုတွေများပြားနေပေမယ့် ပြည်သူတွေရဲ့စစ်အာဏာရှင်တော်လှန်ရေးသပိတ်စစ်ကြောင်းတွေကတော့ အဆက်အပြတ်ထွက်ပေါ်နေကြဆဲဖြစ်ပါတယ်။

ရန်ကုန်၊မန္တလေးစတဲ့ မြို့ကြီးတွေမှာလည်း ပြည်သူတွေက ပြောက်ကျားသပိတ်‌တွေအနေနဲ့ထွက်ကာ တော်လှန်နေကြသလို မြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့ ကျေးရွာ၊မြို့နယ်တွေမှာလည်း ဆန္ဒပြသပိတ်တွေအားကောင်းစွာနဲ့ ထွက်ပေါ်နေကြဆဲဖြစ်ပါတယ်။

ဒီကနေ့ ဇွန်လ (၁၁)ရက်နေ့မှာဆိုရင်လည်း ကချင်ပြည်နယ် ဖားကန့် တာမခန်ရှိပြည်သူလူထုတွေစုပေါင်းကာ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တော်လှန်တဲ့ သပိတ်တွေထွက်ခဲ့ကြတာဖြစ်ပါတယ်။

ပြည်သူတွေက အနီရောင်၀တ်စုံတွေ၀တ်ဆင်ထားကြပြီး ရဲရဲနီကာသပိတ်စစ်ကြောင်းထွက်ခဲ့ကြတာပါ။ ဖမ်းဆီးသတ်ဖြတ်မှုတွေကြားထဲကနေ အခုလိုသတ္တိရှိစွာနဲ့ထွက်လာကြတဲ့ ကျေးရွာနေလူထုရဲ့သတ္တိကတော့ မလေးစားပဲမနေနိုင်အောင်ကိုပြောင်မြောက်လွန်းကြပါတယ်။

ဒီသပိတ်စစ်ကြောင်းမှာဆိုရင် ပြည်သူတွေရာနဲ့ချီပါ၀င်ခဲ့ကြတာဖြစ်ပြီး အမျိုးသမီးတွေအများစုပါ၀င်ချီတက်ခဲ့ကြတာပါ။

ရက်ပေါင်း ၁၀၀ကျော်ကြာ ကြာမြင့်နေပြီ‌ဖြစ်ပေမယ့် ပြည်သူတွေကတော့ ရရာနည်းလမ်းနဲ့ စစ်အာဏာရှင်စနစ်ကိုတော်လှန်နေကြဆဲဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

ဖိႏွိပ္မႈေတြနဲ႔ ဖမ္းဆီးထိန္းသိမ္းမႈေတြမ်ားျပားေနေပမယ့္ ျပည္သူေတြရဲ႕စစ္အာဏာရွင္ေတာ္လွန္ေရးသပိတ္စစ္ေၾကာင္းေတြကေတာ့ အဆက္အျပတ္ထြက္ေပၚေနၾကဆဲျဖစ္ပါတယ္။

ရန္ကုန္၊မႏၲေလးစတဲ့ ၿမိဳ႕ႀကီးေတြမွာလည္း ျပည္သူေတြက ေျပာက္က်ားသပိတ္‌ေတြအေနနဲ႔ထြက္ကာ ေတာ္လွန္ေနၾကသလို ျမန္မာႏိုင္ငံအႏွံ႔အျပားမွာရွိတဲ့ ေက်း႐ြာ၊ၿမိဳ႕နယ္ေတြမွာလည္း ဆႏၵျပသပိတ္ေတြအားေကာင္းစြာနဲ႔ ထြက္ေပၚေနၾကဆဲျဖစ္ပါတယ္။

ဒီကေန႔ ဇြန္လ (၁၁)ရက္ေန႔မွာဆိုရင္လည္း ကခ်င္ျပည္နယ္ ဖားကန႔္ တာမခန္ရွိျပည္သူလူထုေတြစုေပါင္းကာ စစ္အာဏာရွင္စနစ္ကိုဆန႔္က်င္ေတာ္လွန္တဲ့ သပိတ္ေတြထြက္ခဲ့ၾကတာျဖစ္ပါတယ္။

ျပည္သူေတြက အနီေရာင္၀တ္စုံေတြ၀တ္ဆင္ထားၾကၿပီး ရဲရဲနီကာသပိတ္စစ္ေၾကာင္းထြက္ခဲ့ၾကတာပါ။ ဖမ္းဆီးသတ္ျဖတ္မႈေတြၾကားထဲကေန အခုလိုသတၱိရွိစြာနဲ႔ထြက္လာၾကတဲ့ ေက်း႐ြာေနလူထုရဲ႕သတၱိကေတာ့ မေလးစားပဲမေနႏိုင္ေအာင္ကိုေျပာင္ေျမာက္လြန္းၾကပါတယ္။

ဒီသပိတ္စစ္ေၾကာင္းမွာဆိုရင္ ျပည္သူေတြရာနဲ႔ခ်ီပါ၀င္ခဲ့ၾကတာျဖစ္ၿပီး အမ်ိဳးသမီးေတြအမ်ားစုပါ၀င္ခ်ီတက္ခဲ့ၾကတာပါ။

ရက္ေပါင္း ၁၀၀ေက်ာ္ၾကာ ၾကာျမင့္ေနၿပီ‌ျဖစ္ေပမယ့္ ျပည္သူေတြကေတာ့ ရရာနည္းလမ္းနဲ႔ စစ္အာဏာရွင္စနစ္ကိုေတာ္လွန္ေနၾကဆဲျဖစ္ပါတယ္။ ပရိသတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *