ဘဝနတ်ထံပျံလွန်တော်မူသွားတဲ့ ဆရာတော်ကြီးရဲ့ရုပ်ကလာပ်ကို ကျောင်းတိုက်သို့ပင့်ဆောင်လာပြီး ဒါယကာ၊ဒါယိကာမတွေ ဖူးမြော်နေကြတဲ့ ဗီဒီယိုဖိုင်

မနေ့က၊မနက်ပိုင်းမှာ ဖြစ်ပွါးခဲ့တဲ့ လေယာဉ်ပျက်ကျမှုဖြစ်စဉ်ကြောင့် သာသနာ့ဝန်ကိုထမ်းရွက်နေကြတဲ့ဆရာတော်ဘုရားကြီးနှစ်ပါးလည်း ဘဝနတ်ထံပျံလွန်တော်မူသွားခဲ့တာဖြစ်ပါတယ်။

သက်တော်ရှည် မြို့မစျေးကုန်းကျောင်းတိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တ ကဝိသာရ ဆိုရင် သက်တော် (၉၅) နှစ်၊သိက္ခာတော် (၇၅)ဝါ ရှိပြီးနိုင်ငံတော်ဩဝါဒါစရိယဘွဲ့ကိုလည်း ရရှိထားတာဖြစ်ပါတယ်။

ဆရာတော်ဘုရားကြီးက နယ်လှည့်သာသနာပြုနေတာဖြစ်လို့ ဒါယကာ၊ဒါယိကာမတွေလည်း ပေါများလှပါတယ်။

ဆရာတော်ဘုရားကြီးရဲ့ ရုပ်ကလာပ်တော်ကို အမှတ်(၂) တပ်မတော်ဆေးရုံကြီးကုတင် (၁၀၀၀) မှပျဉ်းမနားမြို့၊မြို့မစျေးကုန်းကျောင်းတိုက်သို့ ဒီနေ့ မနက်ပိုင်းမှာ ပင့်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဆရာတော်ဘုရားကြီးရဲ့ အန္တိမအဂ္ဂိ စျာပနသဘင်ကို ၁၃၈၃ ခုနှစ်၊နယုန်လဆန်း (၅)ရက် (၁၄.၆.၂၀၂၁) ရက်၊တနင်္လာနေ့တွင် ကျင်းပမယ်လို့သာသနာရေးဦးစီးဌာနမှ သိရပါတယ်။

သာသနာ့ဝန်ကို ထမ်းရွက်နေတဲ့ ဆရာတော်ဘုရားကြီး ပျံလွန်တော်မူသွားတဲ့အတွက် ပြည်သူလူထုကလည်း ဝမ်းနည်းနေကြရတာဖြစ်ပါတယ်။

အခုဆိုရင်တော့ ပျဉ်းမနားမြို့၊မြို့မစျေးကုန်းကျောင်းတိုက်မှာ ရောက်ရှိနေပြီဖြစ်တဲ့ ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်တော်ကို သံဃာတော်တွေနဲ့ ဒါယကာ၊ဒါယိကာမတွေက ဖူးမြော်နေကြတာဖြစ်ပါတယ်။

ဒီကာလမှာ စိတ်မကောင်းစရာသတင်းတွေကိုသာ ကြားနေရတာဖြစ်ပြီး ပြည်သူတွေလည်း နာကျင်ခံစားနေရတာပဲဖြစ်ပါတယ်။လေယာဉ်ပျက်ကျမှုကြောင့် ပျံလွန်တော်မူသွားတဲ့ ဆရာတော်ဘုရားကြီးရဲ့ ရုပ်ကလာပ်တော်ကို ပြည်သူတွေလည်း ဖူးမြော်ရအောင်လို့ ဗီဒီယိုင်ဖိုင်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *