မန္တလေးမြို့ကလူထုလှုပ်ရှားမှုမှာကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေအတွက်တစ်ဉီးကိုငွေကျပ်၁၀သိန်းစီလှူဒါန်းခဲ့တဲ့စမိုင်းလ်

မန္တလေးမြို့ကလူထုလှုပ်ရှားမှုမှာကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေအတွက်တစ်ဉီးကိုငွေကျပ်၁၀သိန်းစီလှူဒါန်းခဲ့တဲ့စမိုင်းလ်

ပရိသတ်တွေချစ်ခင်အားပေးရတဲ့သရုပ်ဆောင်စမိုင်းလ်ကတော့လူထုလှုပ်ရှားမှုကြီးမှာကျဆုံးသွားတဲ့သူရဲကောင်းတွေရဲ့မိသားစုတွေကိုကူညီလှူဒါန်းပေးခဲ့တာဘဲဖြစ်ပါတယ်။

၂၀၂၁ခုနှစ်ဖေဖော်ဝါရီလ၁ရက်နေ့ကတည်းကဖြစ်ပေါ်ခဲ့တဲ့နိုင်ငံရေးအခြေအနေတွေမှာပြည်သူတွေနဲ့အတူတက်တက်ကြွကြွပါဝင်ရပ်တည်ခဲ့တဲ့စမိုင်းလ်ကိုပရိသတ်တွေကအရင်ကထက်အချစ်ပိုရတာလည်းဖြစ်ပါတယ်။

ဒါ့အပြင်စမိုင်းလ်ကလူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူတွေကိုစားသောက်စရာတွေလှူဒါန်းလေ့ရှိတာဖြစ်ပြီးတစ်ထောင့်တစ်နေရာကနေလည်းသူမကိုယ်တိုင်ပါဝင်ခဲ့တာကိုတွေ့ရပါတယ်။

တော်လှန်ရေးမှာသေဆုံးခဲ့ရတဲ့အနယ်အနယ်အရပ်ရပ်ကသူတွေအတွက်လည်းငွေကြေးများစွာနဲ့လှူဒါန်းဖို့ပြင်ဆင်နေခဲ့တာဖြစ်ပြီးယနေ့မှာတော့သူမရဲ့ဖေ့ဘွတ်စာမျက်နှာထက်မှာအခုလိုရေးသားလာခဲ့ပါတယ်။

ဒါကတော့စမိုင်းလ်ကမန္တလေးမှာကျဆုံးသွားတဲ့သူရဲကောင်းများအတွက်တစ်ဦးလျှင်၁၀သိန်းစီနဲ့ ၁၁ယောက်စာသိန်း၁၁၀မနေ့ကလှူဒါန်းခဲ့တယ်။ကျန်ရှိနေတဲ့မြို့တွေကိုလည်းလှူနိုင်အောင်ကြိုးစားနေပါတယ်နော်ဆိုတဲ့အလှူပြုစာသားလေးကိုရေးသားတင်ပေးလာခဲ့ပါတယ်။

နွေဉီးတော်လှန်ရေးမှာကျဆုံးခဲ့ရတဲ့မန္တလေးမြို့ကအာဇာနည်သူရဲကောင်းတွေကိုငွေကြေးအင်အားနဲ့ ကူညီကာအလှူပြုနေခဲ့တဲ့စမိုင်းလ်တို့မိသားစုရဲ့ပုံတွေနဲ့ စာသားတွေကိုပရိသတ်တွေထံပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *