စိတ်ကြိုက် Shopping တွေထွက်ပြီးပြီမို့ သူမအဝတ်အစားတချို့ကို စစ်ဘေးရှောင်စခန်းတွေဆီလှူဒါန်းသွားဦးမှာပါလို့ ဆိုလာတဲ့ နေခြည်ဦး

စိတ်ကြိုက်Shoppingတွေထွက်ပြီးပြီမို့သူမအဝတ်အစားတချို့ကို စစ်ဘေးရှောင်စခန်းတွေဆီလှူဒါန်းသွားဦးမှာပါလို့ဆိုလာတဲ့နေခြည်ဦး

နေခြည်ဦးဆိုသူကတော့အောင်ရဲလင်းရဲ့ချစ်သူအဖြစ်အနေနဲ့လူသိများလာပြီးနောက်ပိုင်းမှာတော့မျက်နှာမှာရှိနေတဲ့အမာရွတ်အတွက်အလှတွေပြင်ပြရင်းသူမကိုယ်သူမBeauty Bloggerတစ်ယောက်အဖြစ်သတ်မှတ်လာခဲ့ပါတယ်။

ပရိသတ်တွေရင်ထဲမှာတော့Beauty Bloggerကဝင်းမင်းသန်းတစ်ယောက်ပဲရှိတော့တယ်ဆိုတာတော့သူမမသိရော့လေသလားနော်

သူမရဲ့အဖေကစစ်တတပ်ထဲကတစ်ယောက်ဖြစ်ပြီးအဖေဖြစ်သူရှာထားတဲ့ပိုက်ဆံတွေနဲ့သုံးဖြုန်းပြနေသူပဲဖြစ်ပါတယ်။နေခြည်ကတော့

အကောင်းစားပစ္စည်းတွေကိုသုံးထားနိုင်သူဖြစ်တာကြောင့်ဆယ်ကျော်သက်အရွယ်လေးတွေရှေ့မှာတော့အားကျစရာမင်းသမီးလေးတစ်ပါးလိုဖြစ်နေတော့တာပေါ့

နေခြည်ကတော့အဖေ့အရှိန်အဝါနဲ့ဖြစ်လာတဲ့အစွမ်းအစတွေနဲ့ ပရိသတ်တွေရှေ့မှာကြွားဝါပြနေခဲ့တာကိုလည်းပရိသတ်ကအချစ်မပျက်ခဲ့သေးပါဘူးနော်

ခုလိုဖြစ်နေတဲ့နိုင်ငံရေးအခြေအနေကြီးမှာသူမကတော့အရိပ်အယောင်လေးအနေနဲ့ဟန်ပြထွက်လာပြီးခုချိန်မှာတော့သူမတို့ရဲ့နေထိုင်တဲ့စရိုက်အတိုင်းနေနေမြဲဖြစ်ပါတယ်။

ဒီနေ့လေးမှာတော့နေခြည်ဦးတစ်ယောက်ကမြန်မာပြည်မှာဖြစ်နေတဲ့ အခြေအနေကြောင့်စစ်ဘေးရှောင်နေရသူတွေများပြားနေတဲ့အတွက် သူမရဲ့အဝတ်အစားတွေကိုလှူဒါန်းသွားဖို့ပြင်ဆင်နေတဲ့ပုံလေးကို Mydayမှာတင်လာခဲ့တာဖြစ်ပါတယ်။

သူမရဲ့အဝတ်အစားအကောင်းဆုံးတွေကိုလှူဒါန်းပေးပေမဲ့စစ်တပ်ကြောင့်သွေးမြေကျနေတဲ့သူတွေအတွက်သူမလိပ်ပြာလုံနိုင်ပါစေဖို့ ဆုတောင်းပေးလိုက်ပါတယ်။နေခြည်ဦးချစ်ကြတဲ့ပရိသတ်ကြီးလည်းသာဓုခေါ်ပေးကြပါအုံးနော်

Leave a Reply

Your email address will not be published. Required fields are marked *