စားစရာမရှိလို့ ထိုင်းနိုင်ငံထဲခိုးဝင်မိရာကနေ ထိုင်းစစ်တပ်ရဲ့ဖမ်းဆီးခြင်းခံရပြီး မိအေးနှစ်ခါနာဖြစ်ရတဲ့ မြန်မာလုပ်သားတွေရဲ့ဘဝကိုပြောပြလာတဲ့ ပြည်သူတစ်ဦး

မြန်မာနိုင်ငံမှာ အာဏာသိမ်းကာလစတင်လိုက်ကတည်းက စီးပွားရေး၊စားဝတ်နေရေးနဲ့ပတ်သက်တဲ့ အဆင်မပြေမှုတွေကို ပြည်သူတွေ ခံစားခဲ့ရတာ ဖြစ်ပါတယ် ။

သာမန်လက်လုပ်လက်စား ပြည်သူတွေဆိုရင် အလုပ်အကိုင်တွေ အဆင်မပြေတာကြောင့် အကျပ်တွေ့နေကြပြီး တစ်ချို့ဆိုရင် စားစရာမရှိလို့ အကူအညီတောင်းခံနေရတဲ့သူတွေလည်း ရှိနေပြန်တာ ဖြစ်ပါတယ် ။

ဒီလိုအခြေအနေတွေကနေ လွတ်မြောက်ဖို့အတွက် မြန်မာလုပ်သားတစ်ချို့က ထိုင်းနိုင်ငံထဲကို ထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ် ။

ဒါပေမဲ့လည်း ထိုင်းစစ်တပ်က ထိုင်းနိုင်ငံထဲကို ခိုးဝင်လာတဲ့ မြန်မာလုပ်သားတွေကို ဖမ်းဆီးနေတာ ဖြစ်ပါတယ် ။

မနေ့ကဆိုရင်လည်း ထိုင်းနိုင်ငံထဲကို ရောက်ရှိနေတဲ့ မြန်မာလုပ်သားတွေရဲ့ အဓိကဝင်ပေါက် ထွက်ပေါက်ဖြစ်တဲ့ မဲဆောက်မြဝတီလမ်းကြောင်းမှာ မြန်မာလုပ်သားတွေ ပြေးမလွတ်ဘဲ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ် ။

မယ်ဆောက်မြို့နယ်၊ ထာ့စိုင်လု့နယ်မြေ ဝမ်းသစ်ကျေးရွာအနီးမှာ အဖမ်းခံလိုက်ရတဲ့ မြန်မာလုပ်သား ကျား (၂၄)ဦး ၊ မ (၁၁) ဦး စုစုပေါင်း (၃၅)ဦးခန့်ရှိတာပဲ ဖြစ်ပါတယ် ။

မြန်မာလုပ်သားတွေကို လူကယ်ရီလုပ်ပြီး ပို့ဆောင်ပေးနေတဲ့ ထိုင်းလူမျိုး (၅)ဦးကိုပါ ထိုင်းစစ်တပ်က ဖမ်းခဲ့တာ ဖြစ်ပါတယ် ။

တိုင်းရေးပြည်ရေး အခြေအနေကြောင့် စားစရာမရှိတဲ့အချိန်မှာ အနီးဆုံးထိုင်းနိုင်ငံထဲ ခိုးဝင်မိရာကနေ မြန်မာလုပ်သားတွေရဲ့ဘဝက မိအေးနှစ်ခါနာဖြစ်ရကြောင်း ပြည်သူတစ်ဦးက ပြောပြခဲ့တာ ဖြစ်ပါတယ် ။

အောက်မှာဖော်ပြထားတဲ့ ပုံတွေကတော့ မိုးထဲရေထဲမှာ ထိုင်းစစ်တပ်ရဲ့ဖမ်းဆီးခံလိုက်ရတဲ့ မြန်မာလုပ်သားတွေရဲ့ပုံရိပ်တွေပဲ ဖြစ်ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *