
ပိုလီယိုရောဂါခံစားနေရပေမဲ့ ဝီးရှဲနဲ့ သားဖြစ်သူကို မမောမပန်းနိုင်နေ့တိုင်းကျောင်းပို့ပေးနေတဲ့ ဖခင်

ဒီတစ်ခေါက်ဖော်ပြမဲ့ ဖိလစ်ပိုင်နိုင်ငံက ဖခင်တစ်ဦးကတော့ ပိုလီယိုရောဂါခံစားနေရပေမဲ့လည်း ဖခင်ဝတ္တရာကျေပွန်လွန်းသူလို့ ပြောရမှာပါပဲ ။ အကြောင်းကတော့ Tatay Alejandro အမည်ရှိတဲ့အမျိုးသားဟာ သူ့ရဲ့ 7 နှစ်သားအရွယ်သားဖြစ်သူကို ဝီးရှဲပေါ်တင်ပြီး အမြဲကျောင်းပို့ ၊ ကြို လုပ်ပေးလေ့ရှိပါတယ် ။

သားဖြစ်သူက အတော်လေးကြီးထွားလာလို့ သူ့ရဲ့လက်ကိုသာ အသုံးပြုပြီး ရွှေ့လျားနေရတဲ့ဝီးရှဲကြောင့် Tatay တစ်ယောက် အတော်လေးပင်ပန်းမှာပါ ။ သို့ပေမဲ့လည်း သားဖြစ်သူကိုစိတ်မချနိုင်လို့ အပြုံးမပျက် နေပူ ၊

မိုးရွာ မရှောင်ဘဲကျောင်းပို့နေခဲ့ဓာတ်ပုံလေးတွေဟာဆိုရင် social media ပေါ်မှာ အတော်လေးကို ပျံ့နှံ့လျက်ရှိနေပါတယ် ။Tatay ဟာ 5 နှစ်သားအရွယ်ကနေစပြီး ပိုလီယိုရောဂါခံစားရကာ ၊ သူငယ်ချင်းတွေထက် အနည်းငယ်နောက်ကျပြီးမှ အိမ်ထောင်ကျခဲ့သူလည်း ဖြစ်ပါတယ် ။

သို့ပေမဲ့လည်း သားဖြစ်သူအတွက် ဝတ္တရာကျေပွန်တဲ့ဖခင်ဖြစ်တာကြောင့် ကလေးငယ်ဟာလည်း တစ်ချိန်မှာမိဘရဲ့ကျေးဇူးကိုသိတတ်သူတစ်ယောက်ဖြစ်လာမှာဖြစ်ကြောင်း လူအတော်အများက ဆုတောင်းပေးခဲ့ကြပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *