ချောင်းစပ်မှာခရုကောက်ရင်း မသန်စွမ်းတဲ့မိခင်ကို လုပ်ကြွေးဖို့ ဝင်ငွေရှာဖွေနေတဲ့ အသက် (၇၁) နှစ်အရွယ်အဘွား

ချောင်းစပ်မှာခရုကောက်ရင်း မသန်စွမ်းတဲ့မိခင်ကို လုပ်ကြွေးဖို့ ဝင်ငွေရှာဖွေနေတဲ့ အသက် (၇၁) နှစ်အရွယ်အဘွား

ဗီယက်နမ်နိုင်ငံ Binh Thanhခရိုင် Binh Tay Hamletရှိ တူးမြောင်းတစ်ခုတွင် အမြဲတမ်းခရုကောက်နေသည်ကို တွေ့ရမည့် အသက်၇၁နှစ်အရွယ် အဖွားအိုကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ထိုအဖွားဟာ တူမြောင်းလေးထဲတွင် အမြဲတမ်းရေငုပ်ကာ ခရုများကို ရှာဖွေပြီး အသက်မွေးနေသူဖြစ်ပါတယ်။

အကယ်၍ မိုးများသည်းထန်စွာ ရွာသွန်းနေလျှင်ပင် ထိုအဖွားဟာ အိမ်ပြန်သွားလိမ့်မည်မဟုတ်ဘဲ ခရုများကို ဆတ်လတ်ရှာဖွေနေမှာဖြစ်ပါတယ်။

အကြောင်းမှာ သလိုချင်သော ခရုပမာဏကိုသာမရလျှင် သူမ၏ မိခင်ကို ပြုစုရန်နှင့် တစ်နေ့အတွက် ထမင်းစားရန် ငွေကြေးလုံလောက်စွာ ရရှိတော့မည်မဟုတ်ပေ။

သူသည် အသက်၇၁နှစ်ရှိနေပြီဖြစ်သော်လည်း မသန်စွမ်းတော့သည့် အသက်၉၁နှစ်အရွယ် မိခင်ကို ပြုစုစောင့်ရှောက်ရန် ကြိုးစားနေရခြင်းဖြစ်ပေသည်။

ထိုအဖွား၏ မိခင်ဖြစ်သူဟာ အသက်အရွယ်ကြီးနေပြီဖြစ်သောကြောင့် မကြာခဏဖျားနာတတ်ပြီး အမြဲဂရုစိုက်နေပေးရသည်ဟု သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *