ပွဲအပြီးမှာ မြန်မာပြည်ရဲ့ အနာဂတ်အတွက် စဉ်းစားပေးဖို့ပါ ထည့်သွင်း ပြောသွားပေးတဲ့ အောင်လအန်ဆိုင်း

”အောင်လ”ကျေးဇူးတင်တယ်….

နိုင်ပွဲ အပြီးမှာ…မြန်မာပြည်ရဲ့ အနာဂတ်အတွက်စဉ်းစားပေးဖို့ ထည့်သွင်းပြောသွားပေးတယ်။

အားကစားသမားတွေကို ပြည်သူတွေကမျှော်လင့်တာ ဒီလို ပြောပေါက်ဆိုပေါက်မျိုးအားပေးရကျိုးနပ်တယ်။

အောင်လ၏ ပြိုင်ပွဲရလဒ်သည် မြန်မာ့နွေဦးတော်လှန်ရေးနှင့် တိုက်ရိုက်အချိုးကျနေတယ်။

သတိထားမိလား….

ပွဲထွက်လာတာသူထွက်နေကြပုံစံ မဟုတ် မြန်မာနိုင်ငံအလံမပါ အမဲလိုက်အကသီချင်းမဖွင့်ဘူး။

သူဒီနေ့ ထိုးသွားတဲ့ လက်သီးကို တွေ့လား…ခံပြင်းစိတ် မခံချင်စိတ်တွေ အပြည့်နဲ့မို့ အားပါလွန်းတယ်။

အရေးတော်ပုံ အောင်ရမည်။ ဂုဏ်ယူပါတယ်

အောင်လတော့နိုင်သွားပြီ မအလကိုလဲ မကြာမှီ ပြည်သူတွေနိုင်တော့မယ်…မြန်မာပြည်အတွက် Speak out လုပ်ပေးခဲ့လို့ ကျေးဇူးပါ အောင်လ

Leave a Reply

Your email address will not be published. Required fields are marked *