ပိုင်ဆိုင်မှုပစ္စည်းအားလုံးကို အပြီးစွန့်လွှတ်ပြီး လူတိုင်းမလုပ်နိုင်လောက်တဲ့ အလှူဒါနအကြီးကြီးကို ရက်ရက်ရောရောလှူဒါန်းခဲ့တဲ့ အဘွားတစ်ဦး

မြန်မာပြည်တွင်းမှာဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ပြည်သူလူထုက အားတင်းရင်ဆိုင်ပြီး အသက်ရှင်ရပ်တည်နေရတာပဲဖြစ်ပါတယ်။

ငွေကြေးတတ်နိုင်တဲ့ ပြည်သူတွေကလည်း ဒီကာလမှာ ချို့တဲ့သူတွေအတွက် ပေးကမ်းလှူဒါန်းနေသလို ပရဟိတအဖွဲ့တွေနဲ့ တစ်ကိုယ်တော်ပရဟိတသမားတွေလည်း များစွာထွက်ပေါ်လာပါတယ်။

စည်းစိမ်၊ဥစ္စာဆိုတာ သေရင်ကိုယ့်နောက်မပါမယ့်အရာတွေဖြစ်လို့ ကုသိုလ်ကောင်းမှူတွေနဲ့ အလှူအတန်းတွေကိုသာ လုပ်ဆောင်နေကြတာဖြစ်ပါတယ်။

ဇူလိုင်လ (၂၉)ရက်နေ့ကဆိုရင်လည်း မော်လမြိုင်မြို့၊အုန်းတောရပ်မှာနေထိုင်တဲ့ အဘွားဒေါ်ချိုကတော့ အလှူကြီးတစ်ခုကို ရက်ရက်ရောရောလှူဒါန်းလိုက်တာဖြစ်ပါတယ်။

အဲ့ဒါကတော့ သူမပိုင်ဆိုင်တဲ့ နေအိမ်အပြင်၊ရွှေထည်ပစ္စည်း (၂၅)ကျပ်သား၊ငွေကျပ် သိန်း(၃၀၀) တို့ကို ရွှေမြင့်မိုရ်ဓမ္မနန္ဒီဆရာတော်ထံ လှူဒါန်းခဲ့တာဖြစ်ပါတယ်။

ဓမ္မနန္ဒီဆရာတော်ကလည်း လူသားကောင်းကျိုးအတွက် ပရဟိတအလုပ်များစွာကို လုပ်ကိုင်ဆောင်ရွက်နေသူတစ်ဦးဖြစ်ပါတယ်။

(ဦးကျော်မြ)+ဒေါ်ချိုတို့ လှူဒါန်းလိုက်တဲ့ အလှူဒါနနဲ့ပတ်သက်ပြီး အများပြည်သူတွေ သာဓုခေါ်ဆိုနိုင်အောင်လို့ဆရာတော်က လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားမျှဝေလာခဲ့တာဖြစ်ပါတယ်။

မော်လမြိုင်မြို့က အလှူရှင်အဘွားကတော့ သဒ္ဓါတရားထက်သန်ပြီး လူတိုင်းမလုပ်နိုင်တဲ့အလှူကြီးကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

မွန်မြတ်တဲ့စိတ်ထားနဲ့ အလှူဒါနပြုခဲ့တဲ့ အဘွားရဲ့အလှူကို ဝမ်းမြောက်အနုမောဒနာသာဓုခေါ်ဆိုရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *