အခြေခံပြည်သူတွေရဲ့ စားဝတ်နေရေးကို မကြည့်ရက်တော့လို့ ကြက်ဥ(၅)လုံးကို (၁၀၀)ကျပ်တည်းနဲ့ ရောင်းချပေးခဲ့တဲ့ မွတ်စလင်လူငယ်များလူမှုကူညီရေးအသင်း

လတ်တလောဖြစ်ပွါးနေတဲ့ အခြေအနေတွေမှာဆိုရင် ကုန်စျေးနှုန်းတွေမြှင့်တက်နေတာကြောင့် အခြေခံပြည်သူတွေလည်း စားဝတ်နေရေးအတွက် ရုန်းကန်နေရတာဖြစ်ပါတယ်။

စေတနာရှင်ပြည်သူတွေကတော့ လိုအပ်သူတွေအတွက် ဆန်၊ဆီ၊ကြက်ဥ စတဲ့ အခြေခံစားသောက်ကုန်လေးတွေကို လှူဒါန်းနေတာဖြစ်ပါတယ်။

ကြက်ဥဆိုရင်လည်း ဝယ်တဲ့သူအရမ်းများတာကြောင့် စျေးတက်ပြီး ပစ္စည်းပြတ်လပ်တဲ့အခြေအနေတွေဖြစ်နေပါတယ်။

ကြက်ဥလေးနဲ့သာ ထမင်းတစ်နပ်ကိုဖြည့်ဆည်းနေရတဲ့ ပြည်သူတွေအတွက် စေတနာရှင်တချို့က (၁၀)လုံးမှ (၅၀) ကျပ် စတဲ့စျေးနှုန်းလေးတွေနဲ့ ရောင်းပေးတာဖြစ်ပါတယ်။

အခုလိုမျိုး စျေးသက်သက်သာသာနဲ့ ရောင်းချပေးတာကလည်း လှူဒါန်းနည်းတစ်မျိုးပဲဖြစ်ပါတယ်။

မနေ့ကဆိုရင်လည်း တောင်ဥက္ကလာပ၊စွန္နီဂျာမေဗလီ မွတ်စလင်လူငယ်များ လူမှုကူညီရေးအသင်းမှ ကြက်ဥ (၅)လုံးကို (၁၀၀)ကျပ်တည်းနဲ့ အခြေခံပြည်သူတွေကို ရောင်းချပေးခဲ့တာဖြစ်ပါတယ်။

လူတစ်ဦးကို (၅)လုံးကျစီနဲ့ ကြက်ဥအလုံးပေါင်း (၁၁၀၀၀)ကို စျေးသက်သက်သာသာနဲ့ ရောင်းပေးခဲ့တာဖြစ်ပါတယ်။

အခုလိုမျိုး အခြေခံပြည်သူတွေရဲ့ စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းကနေကူညီပေးတဲ့ မွတ်စလင်ဘာသာဝင်များရဲ့ စိတ်ဓာတ်ကို လေးစားမိပါတယ်။

ပြည်သူတွေအခက်အခဲဖြစ်နေချိန်မှာ လူတိုင်းနီးပါးကတတ်နိုင်တဲ့အင်အားလေးနဲ့ တစ်ထောင့်တစ်နေရာကနေ ကူညီဖေးမပေးနေကြတဲ့အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *