ကိုဗစ်ကြောင့် သေဆုံးနေတာ သုံးရက်ရှိနေတဲ့ အဖွားကို အဖိုးခမျာမသိဘဲ နှိပ်ပေးနေရှာတဲ့ အကြောင်း စိတ်မကောင်းစွာ ပြောပြလာတဲ့ ပြည်သူတစ်ဦး

တတိယလှိုင်း အနေနဲ့ ပြန်လည်ဖြစ်ပေါ်နေတဲ့ ကိုဗစ်ရောဂါက အရင်ကထက် ပိုမို ပြင်းထန်တာကြောင့် ရောဂါဒဏ်မခံနိုင်တဲ့ သက်ကြီးရွယ်အိုတွေ ၊ အခြားသော ရောဂါ အခံရှိသူတွေ ကူးစက်ခံရမယ်ဆိုရင် အတော်လေး ဂရုစိုက်ဖို့ လိုအပ်ပါတယ် ။

အရင်လို ရောဂါကူးစက်ခံနေရရင်တောင် လာရောက် ခေါ်ဆောင်ပေးပြီး ကြည့်ရှုစောင့်ရှောက်ပေးမယ့် အသင်းအဖွဲ့တွေ မရှိတာကြောင့် သေဆုံးသူတွေ များနေရပါတယ် ။ ဒါ့ကြောင့်လည်း ပရဟိတ အသင်းသားတွေကပဲ အစွမ်းကုန် ကူညီမှုတွေပေးနေကြတာပါ ။

မနေ့ကဆိုရင်လည်း ကြည့်မြင်တိုင် မြို့နယ် ရတနာလမ်းက အိမ်တစ်အိမ်မှာ အဖိုး အဖွား နှစ်ယောက်တည်း နေထိုင်ပြီး ကိုဗစ်ရောဂါကူးစက်ခံထားရတာကြောင့် ကူညီမှုတွေ ပြုလုပ်ပေးရန် ပရိဟိတ အသင်းသားတွေ သွားရောက်ခဲ့ကြတယ်လို့ သိရပါတယ် ။

ဒီလို သွားရောက်ကူညီရင်း အိမ်ထဲရောက်တော့ အဖိုးဖြစ်သူကလည်း သတိလစ်နေသလို အဖွားဖြစ်သူမှာလည်း သေဆုံးနေတာ သုံးရက်လောက်ရှိနေပြီး အနံ့တွေလည်း ထွက်နေတယ်လို့ သိရပါတယ် ။

အဖိုးခမျာ သတိပြန်ရတော့ အဖွားသေဆုံးနေတာမသိဘဲ သွားနှိပ်ပေးနေတဲ့အကြောင်းကို ” kmdရတနာပုံလမ်းအမှတ်၂၂အဘိုးနဲ့အဘွားကျမ်းမာရေးမကောင်းဘူးဆိုလို့ကျနော်တို့အဖွဲ့ကူညီမယ်ဆိုpသွားဖြစ်တယ်ဟိုရောက်တော့အဘွားကဆုံးတာသုံးရက်တောင်ရှိနေpအဘိုးကလဲသတိလစ်နေတာကျနော်တို့ရောက်သွားချိန်မှသတိပြန်ရလာpအဘွားကိုသွားနှိပ်ပေးနေသေးတာအဘွားကအနံ့တောင်ထွက်နေpဗျာကူညီနိုင်တာမှန် သမျှအကူန်ကူညီပေးခဲ့ပေမယ့်အဘိူးကတော့ခြင်ကိုက်ခံထားရတဲ့အဖုတွေအများကြီးနဲ့ဒီညကိုဘယ်လိုများအိပ်မလဲဆိုpတွေးပူရင်မောနေရတယ်ဗျာ ” ဆိုပြီး ဝမ်းနည်းစွာ ပြောကြားထားတာတွေ့ရပါတယ် ။

ပရိသတ်ကြီးအတွက် အဖိုးနဲ့ အဖွားရဲ့ စိတ်မကောင်းစရာ အဖြစ်လေးကို ပြန်လည်ဝေမျှပေးရင်း အဖိုးလည်း အမြန်ကျန်းမာပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *