ပြည်သူတွေကိုကာကွယ်စောင့်ရှောက်ပေးနေတဲ့ မီးသတ်ဝန်ထမ်းတစ်ဦး ကိုဗစ်နဲ့ကြွေလွင့်သွားရလို့ ဝမ်းနည်းခံစားနေကြတဲ့ ပုလဲအရန်မီးသတ်တပ်ဖွဲ့

ပြည်သူတွေကို လက်ရှိအချိန်မှာ ကိုယ်ကျိုးစွန့်အနစ်နာခံပြီး စွမ်းစွမ်းတမံ ကူညီပေးနေတာကတော့ ပရဟိတအဖွဲ့အစည်းတွေနဲ့စေတနာ့ဝန်ထမ်းတွေပဲဖြစ်ပါတယ်။

ပုလဲအရန်မီးသတ်တပ်ဖွဲ့က မီးသတ်ဝန်ထမ်းတွေကလည်း ပြည်သူတွေကို ကူညီဖို့ဆိုရင် ရှေ့ဆုံးကရှိနေကြတာဖြစ်ပါတယ်။

ပုလဲအရန်မီးသတ်တပ်ဖွဲ့ကတော့ ကိုဗစ် ပထမလှိုင်း၊ဒုတိယလှိုင်းကနေ အခုတတိယလှိုင်းအထိ ပြည်သူတွေရဲ့ ဒုက္ခအခက်အခဲတွေကို မျှဝေခံစားပေးနေတာဖြစ်ပါတယ်။

အခုဆိုရင်တော့ မင်္ဂလာဒုံမြို့နယ်၊အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဒုတပ်ရင်းမှူးတစ်ယောက် ဇူလိုင်လ (၃၀) ရက် ညအချိန်တွင် ကြွေလွင့်သွားခဲ့တာဖြစ်ပါတယ်။

သူကတော့ ကိုဗစ် positiveနဲ့ပဲ ဆေးကုသမှုခံယူရင်းသေဆုံးသွားတယ်လို့ သိရပါတယ်။

ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့ စေတနာ့ဝန်ထမ်းတစ်ဦးကတော့ အသက်ရှိစဉ်ကာလတစ်လျှောက်မှာ စွန့်လွှတ်အနစ်နာခံရဲတဲ့စိတ်ဓာတ်နဲ့ လူတိုင်းအပေါ် စေတနာထားခဲ့တာဖြစ်ပါတယ်။

အခုလိုမျိုး စေတနာ့ဝန်ထမ်းကောင်းတစ်ယောက်ကွယ်လွန်သွားတာကြောင့် ပုလဲအရန်မီးသတ်တပ်ဖွဲ့လည်းကျန်ရစ်သူမိသားစုနဲ့ထပ်တူ ဝမ်းနည်းနေကြတာဖြစ်ပါတယ်။

ပြည်သူတွေကို ကူညီစောင့်ရှောက်ပေးနေတဲ့စေတနာ့ဝန်ထမ်းတချို့ ဒီကာလမှာ ကြွေလွင့်နေကြတာကြောင့် ပြည်သူတွေလည်းခံစားနာကျင်နေရတာဖြစ်ပါတယ်။

သူရဲကောင်းစိတ်ဓာတ်နဲ့ အများအကျိုးသယ်ပိုးခဲ့တဲ့ တစ်ယောက်စီတိုင်းကို လေးစားရင်း ဒီအကြောင်းအရာလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *