ကိုဗစ်ကူးစက်ခံထားရပြီး ဆေးရုံတင်ထားရတဲ့ လူရွှင်တော်ဝက်မရဲ့ကျန်းမာရေးအခြေအနေကို အမှန်အတိုင်းပြောပြလာတဲ့ လူရွှင်တော်ငွေတီဦး

ကိုဗစ်ကူးစက်မှုတွေက နေရာအနှံ့ဖြစ်ပွားနေပြီး လူကြီးလူငယ်မရွေးရောဂါ ကူးစက်ခံထားရကာ ကိုဗစ်ရောဂါဆိုးကြီးကို တိုက်ထုတ်နိုင်ခဲ့တဲ့ ပြည်သူတွေလည်း အများအပြားရှိနေကြပါတယ်။

ကိုဗစ်ရောဂါကူးစက်မှုကို အနုပညာရှင်တွေလည်း ရင်ဆိုင်ခံစားနေရသလို တစ်ချို့အနုပညာရှင်တွေဟာလည်း ကိုဗစ်ကူးစက်ခံရပြီး အသက်သေဆုံးလျက်ရှိနေကြပါတယ်။

ကိုဗစ်ရောဂါအပါအဝင် အကြောင်းမျိုးစုံနဲ့ ဆုံးပါးသွားကြတဲ့ အနုပညာရှင်တွေရဲ့သတင်းတွေကိုလည်း နေ့စဥ်နဲ့အမျှ မြင်တွေ့နေရပါတယ်။

ယခုမှာတော့ အနုပညာလောကမှာအချိန်အတော်ကြာရပ်တည်ထားနိုင်တဲ့ လူရွှင်တော်ဝက်မတစ်ယောက်ဟာလည်း ကိုဗစ်ရောဂါကူးစက်မှုကို ခံခဲ့ရပါတယ်။

လူရွှင်တော်ဝက်မဟာ မော်လမြိုင်ဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေရတာဖြစ်ပြီး အနုပညာရှင်အသိုင်းအဝိုင်းနဲ့ ပြည်သူတွေက စိုးရိမ်ပူပန်နေကြကာ ကျန်းမာရေးပြန်လည်ကောင်းမွန်စေဖို့ ဆုတောင်းပေးနေကြပါတယ်။

လူရွှင်တော်ငွေတီဦးကတော့ လူရွှင်တော်ဝက်မတစ်ယောက်စကားပြောရင် မောနေလို့ စကားမပြောနိုင်ဖြစ်နေကြောင်း ပရိသတ်တွေကို အသိပေးပြောပြလာခဲ့ပါတယ်။

လူရွှင်တော်ငွေတီဦးကတော့ ” ကျွန်တော်အကိုသရုပ်ဆောင်ကိုဝက်မPဖြစ်လို့ဆေးရုံတင်ထားရပါတယ်စကားပြောရင်မောလို့မပြောနိုင်ဘူးမော်လမြိုင်ဆေးရုံမှာပါအကိုရေအားမလျှော့နဲ့နော်ကျွန်တော်လည်း လာလို့မရနဲ့စိတ်ပျက်မိတယ်အမြန်ပြန်ကောင်းပါစေလို့ဆုတောင်းပေးကြပါဦးဗျာ “ဆိုပြီး သူရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားတာဖြစ်ပါတယ်။

ပရိသတ်တွေကို ဘဝအမောတွေပြေစေအောင် ဖျော်ဖြေပေးခဲ့တဲ့ လူရွှင်တော်ဝက်မတစ်ယောက် ကိုဗစ်ရောဂါကို တွန်းလှန်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သပေးလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *