မနက်မိုးလင်းတဲ့အထိ dead body တွေကို သဂြိုလ်နေရတဲ့အခြေအနေတွေအား ဗီဒီယိုဖိုင်နှင့်တကွ ပြသလိုက်တဲ့ စေတနာ့ဝန်ထမ်းတစ်ဦး

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်တတိယလှိုင်းကြောင့် သေဆုံးသူဦးရေ များစွာရှိနေပါတယ်။

သုသာန်များမှာလည်း မီးသဂြိုလ်စက်ရှေ့တွင် သဂြိုလ်ဖို့ စောင့်ဆိုင်းနေသူများလည်း နေ့စဉ်ရာနဲ့ချီ ရှိနေပါတယ်။

မိသားစုဝင်မရှိတဲ့ dead body များကိုတော့ ပရဟိတလုပ်ဆောင်နေကြသူများမှ ကူညီဆောင်ရွက်ပြီး မီးသဂြိုလ်ပေးနေရတဲ့ အခြေအနေဖြစ်နေပါတယ်။

လူမှုကူညီရေးအဖွဲ့များတွင် အများအကျိုးအတွက် ဆောင်ရွက်နေတဲ့ စေတနာ့ဝန်ထမ်းများဟာ PPE ဝတ်စုံတွေကိုတစ်နေကုန်ဝတ်ဆင်ပြီး သွားလာလှုပ်ရှားနေရတာတွေကို စိတ်မကောင်းစွာဖြင့် မြင်တွေ့နေရပါတယ်။

မကြာသေးခင် နာရီပိုင်းလောက်ကလည်း ပရဟိတလုပ်ဆောင်နေသူ ပြည်သူတစ်ဦးရဲ့ လူမှုကွန်ယက်တွင် ဗီဒီယိုဖိုင်တစ်ခုတင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ မနက်မိုးလင်းတဲ့ အချိန်ထိ dead body တွေကို သဂြိုလ်နေရတဲ့အခြေအနေတွေအား ဗီဒီယိုဖိုင်နှင့်တကွ ပြသလာတာ ဖြစ်ပါတယ်။

စေတနာ့ဝန်ထမ်းတွေ မနက်လင်းတဲ့အထိ ဘာတွေလုပ်နေရလဲဆိုတာ သိစေချင်ရုံ သက်သက်ဖြင့် ဒီဗီဒီယိုဖိုင်ကို ဝေမျှထားတာ ဖြစ်ကြောင်းကိုလည်း ပြောပြထားတာ ဖြစ်ပါတယ်။

ညတစ်နာရီအချိန်ကနေ နောက်နေ့မနက် လင်းတဲ့အချိန်အထိ အလောင်းတွေကို သဂြိုလ်ပေးနေကြောင်းကိုလည်းရှင်းပြထားပါသေးတယ်။

နေ့စဉ်ရက်ဆက် အများအကျိုးအတွက် အပင်ပန်းခံပြီး လုပ်ပေးနေရတာတောင်အပြစ်ပြောခံနေရတဲ့အတွက်လည်း စိတ်မကောင်း ဖြစ်နေကြတာပါ။

စေတနာ့ဝန်ထမ်းတွေကို အပြစ်မမြင်ကြဘဲ တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးကြဖို့ ပြောကြားရင်း ဒီဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက် ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *