သူများကိုပေးဖူးသမျှလက်ဆောင်ထဲမှာ အကြည်နူးရဆုံးလက်ဆောင်လေးအကြောင်းကို ပြောပြလာတဲ့ သရုပ်ဆောင်ပိုင်ဖြိုးသု

သူများကိုပေးဖူးသမျှလက်ဆောင်ထဲမှာအကြည်နူးရဆုံးလက်ဆောင်လေးအကြောင်းကိုပြောပြလာတဲ့သရုပ်ဆောင်ပိုင်ဖြိုးသု

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်သရုပ်ဆောင်ပိုင်ဖြိုးသုကသူများကိုပေးဖူးသမျှလက်ဆောင်ထဲမှာအကြည်နူးရဆုံးလက်ဆောင်လေးအကြောင်းကိုအခုလိုပြောပြလာခဲ့ပါတယ်နော်။

သရုပ်ဆောင်ပိုင်ဖြိုးသုကဘဝမှာသူများကိုပေးဖူးသမျှလက်ဆောင်တွေထဲမှာအကြည်နူးရဆုံးလက်ဆောင်လေး၊CrochetCardiganလေးနဲ့ခေါင်းစီးကြိုးလေးထိုးပြီးတော့ရာသီဥတုစအေးလာတဲ့အချိန်မှာမြေပြင်ကသူရဲကောင်းညီမလေးတွေကိုလက်‌ဆောင်ပေးချင်လို့အသိအကိုတစ်ယောက်ကိုအကူညီတောင်းပြီးNovemberလကုန်လောက်ကတည်းကအဆင့်ဆင့်ကြိုးစားပြီးပို့ခဲ့ရတာအခုရောက်သွားပါပြီ။

မဲနှိုက်ရင်းသူတို့တွေပျော်နေကြတာမြင်‌တော့ကိုယ်တွေအတွက်အများကြီးစွန့်လွှတ်အနစ်နာခံပေးနေသူလေးတွေကိုခဏတာပျော်သွားစေတဲ့အတွက်အရမ်းကိုကြည်နူးမိပါတယ်၊ဖြစ်နိုင်ရင်တော့လူစေ့အယောက်စီတိုင်းအတွက်ထိုးပေးချင်တာပါ၊တစ်ထည်ထိုးဖို့၃ပတ်လောက်အချိန်ယူရတာရော ရောက်အောင်ပို့ပေးရတဲ့လမ်းခရီးအခက်ခဲတွေကြောင့်တစ်ယောက်ပဲပေးခွင့်ရလိုက်တာကိုနားလည်ပေးမယ်ထင်ပါတယ်။

ဘေးကင်းကျန်းမာအောင်နေပေးကြပါနော်ဆိုပြီးသူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။






Leave a Reply

Your email address will not be published. Required fields are marked *