သရုပ်ဆောင်ပြေတီဦး နှင့် ပိုင်တံခွန်တို့နေမကောင်းဖြစ်နေကြောင်း ၀မ်းနည်းစွာပြောပြလာတဲ့ ထောင်အတွင်းခင်မင်သူတစ်ဦး

သရုပ်ဆောင်ပြေတီဦးနှင့်ပိုင်တံခွန်တို့နေမကောင်းဖြစ်နေကြောင်း ၀မ်းနည်းစွာပြောပြလာတဲ့ထောင်အတွင်းခင်မင်သူတစ်ဦး

ပရိတ်သတ်ကြီးသရုပ်ဆောင်ပိုင်တံခွန်ကိုလူတိုင်းသိပြီးြဖစ်မှာပါ။သူဟာရေမွန်သူတစ်ယောက်ဖြစ်ပြီးအလုပ်အကိုင်ကိုကျွမ်းကျင်တာလုပ်တဲ့သူဖြစ်ပါတယ်။သရုပ်ဆောင်ပိုင်တံခွန်နေမကောင်းဖြစ်နေကြောင်းကိုထောင်အတွင်းခင်မင်သူတစ်ယောက်ကအခုလိုပဲပြောပြလာပါတယ်။

မော်ဒယ်လ်ပိုင်တံခွန်သည်ဝမ်းလျှောနေပြီးအခုရက်ပိုင်းအတွင်းဆေးပုလင်းချိတ်ထားရကြောင်းနှင့်ဖမ်းဆီးခံထားသူများလွတ်မြောက်မှုတွင်၎င်းကျန်နေခဲ့သဖြင့်စိတ်ဓာတ်လည်းကျနေသည်ဟုဆိုသည်။သရုပ်ဆောင်ပြေတီဦးမှာနေမကောင်းနေကြောင်းသိရသော်လည်းအသေးစိတ်ကိုမူမသိရပေ။

သူ့ကိုချစ်တဲ့ပရိသတ်တွေကိုလွမ်းတယ်။နေမကောင်း ဖြစ်နေချိန် ပိုဝမ်းနည်းရတယ်။အိမ်ပြန်ချင်တယ်။ကျွန်တော်လည်းအကိုပြန်တော့ကျွန်တော်ပိုခံစားရတယ်။ပြီးတော့ပရိသတ်တွေကိုအရမ်းချစ်ပါတယ်။

မကြာခင်တော့ပြန်လာနိုင်မယ်လို့မျှော်လင့်ပြီးပရိသတ်တွေလည်းသူ့အတွက်ဆုတောင်းပေးကြဖို့မှာလိုက်ပါတယ်ဟုအင်းစိန် အကျဉ်းထောင်အတွင်းပိုင်တံခွန်နှင့်ရင်းနှီးခဲ့သူကပြောသည်။

ကျွန်တော့်နာမည်လာခေါ်တော့သူ့ကိုပြေးဖက်ပြီးငိုခဲ့တယ်။ပိုင်တံခွန်ကအကိုကျွန်တော်အဖော်မရှိတော့ဘူးဗျာတဲ့။ခုချိန်ထိလည်းသူတို့ကိုလွမ်းနေတယ်။သူတို့ကိုလည်းအမြန်ဖြေလျှော့ပြီး လွှတ်ပေးပါစေလို့ ဆုတောင်းပေးနေပါတယ်ဟုထောင်အတွင်းပိုင်တံခွန်နှင့်ခင်မင်ခဲ့သူကဆိုသည်။

ဖမ်းဆီးခံထားရတဲ့အနုပညာရှင်တွေအမြန်ဆုံးပြန်လွတ်‌လာဖို့ဆုတောင်းပေးလိုက်ပါတယ်၊ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးပါပရိတ်သတ်ကြီးရေ။

Leave a Reply

Your email address will not be published. Required fields are marked *