BOOKING ယူထားတဲ့ ဧည့်သည်တွေကိုတောင်းပန်ရင်း ခင်ပွန်းဖြစ်သူရဲ့ လက်ရှိကျန်းမာရေးအခြေအနေကို ရင်ဖွင့်လာတဲ့ ငှက်ပျောကြော်ရဲ့ဇနီး

Booking ယူထားတဲ့ ဧည့်သည်တွေကိုတောင်းပန်ရင်း ခင်ပွန်းဖြစ်သူရဲ့ လက်ရှိကျန်းမာရေးအခြေအနေကို ရင်ဖွင့်လာတဲ့ ငှက်ပျောကြော်ရဲ့ဇနီး

နိုင်ငံကျော်သရုပ်ဆောင် တစ်ယောက်ဖြစ်သလို ဟာသလူရွှင်တော် တစ်ယောက်လည်းဖြစ်တဲ့ ငှက်ပျောကြော် ကိုတော့ လူကြီး၊ လူငယ် ပရိသတ်မရွေး ကြိုက်နှစ်သက်အားပေးပြီး သားဖြစ်မှာပါ။ ငှက်ပျောကြော်က အခုဆိုရင် အသက်အရွယ် တစ်ခုရောက်ရှိလို့နေပြီဖြစ်ပြီး အနုပညာအလုပ်တွေကို နည်းနည်းနဲ့ ပုံမှန်အတိုင်း သင့်တင့်မျှတစွာ လုပ်ကိုင်နေသူ သရုပ်ဆောင်ကြီးတစ်ယောက်လည်းဖြစ်ပါတယ်။

အသက်အရွယ် တစ်ခုရောက်ရှိ နေပြီဖြစ်တဲ့ ငှက်ပျောကြော်ဟာ လတ်တလော မှာတော့ ကျန်းမာရေးအခြေအနေကြောင့် အရေးပေါ်ဆေးရုံတက်ပြီး ခွဲစိတ်မှုခံယူရမယ်ဆိုပြီး သူ့ရဲ့ဇနီးသည်ဖြစ်သူ နေခြည်(တားရော့) ကသူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။ ငှက်ပျောကြော်ရဲ့ အမျိုးသမီးက “Booking ယူထားတဲ့ ရက်တွေကို ခန ရပ် ပြီးတော့ ၁ ပတ်လောက် အလုပ်နားပါ့မယ်နော်။

ဒီရက်ထဲ အရေးပေါ် ဆေးရုံတက်ရမှာမို့ပါ။ ခွဲစိတ်ခံရမှာတော့ ကျွန်မ မဟုတ်ပါဘူး။ အိမ်ကေ ယာကျာ်းပါ ။ ဆရာဝန်ကတော့ အသေးစား ခွဲစိတ်မှုလို့ ပြောတာပါပဲ ။” ဆိုပြီး သူမရဲ့ တားရော့ဗေဒင်အတွက် Booking ယူထားတဲ့ ဧည့်သည်တွေကို တောင်းပန်ရင်း ငှက်ပျောကြော်ရဲ့ ကျန်းမာရေးအခြေအနေကို ပြောလာတာပဲဖြစ်ပါတယ်။

ဇနီးဖြစ်သူက ” ဦးငှက် ခွဲခန်းထဲ တစ်နာရီခွဲကြာခဲ့ပေမဲ့ ခွဲစိတ်မှု အောင်မြင်ပါတယ် ။ကြောက်နေလို့လားတော့မသိဘူး နှလုံးခုန်နှုန်း ကတော့ တစ်ချက်တစ်ချက် နှေးနှေးသွားတယ် … Fighting” ဆိုပြီးတော့ ငှက်ပျောကြော်ရဲ့ ခွဲစိတ်ကုသမှုခံယူရတယ် ဆိုပေမယ့် စိုးရိမ်ပူပန်စရာမလိုတဲ့ အသေးစားခွဲစိတ်မှုပဲဖြစ်ကြောင်းပြောပြလာတာပဲဖြစ်ပါတယ်နော်။ပရိသတ်ကြီးကလည်း ငှက်ပျောကြော်တစ်ယောက် ခွဲစိတ်မှုမှာ အစစအရာရာ အဆင်ပြေချောမွေ့ပြီး အမြန်ဆုံးနေကောင်း ကျန်းမာပါစေလို့ ဆုတောင်းပေးကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *