Youtube မှာ ကြည့်ရှုမှုပေါင်း 400 million ကျော်အထိရှိပြီဖြစ်တဲ့ Lisa ရဲ့ ‘MONEY’ ဗီဒီယို

BLACKPINK အဖွဲ့ဝင် Lisa ရဲ့ ‘MONEY’ performance ဗီဒီယိုဟာ ရက်(၁၀၈) ရက်အတွင်းမှာပဲ Youtube ကြည့်ရှုမှုပေါင်း 400 million views အထိရရှိထားနိုင်ပါပြီ။

ဇန်နဝါရီလ (၁၀) ရက်နေ့ ကိုရီးယားစံတော်ချိန် ညနေ(၃း၃၅) အချိန်လောက်မှာ Lisa ရဲ့ ‘MONEY’ကပြဖျော်ဖြေတဲ့ ဗီဒီယိုဟာကြည့်ရှုမှုပေါင်း 400 million ကျော်သွားခဲ့တာပါ။

‘MONEY’ Exclusive ကပြဖျော်ဖြေမှုဗီဒီယိုဟာ YouTubeသမိုင်းတလျှောက် K-Pop အမျိုးသမီးအဆိုတော်တွေအတွက် ဒီလောက်ကြည့်ရှုမှုပမာဏကိုအမြန်ဆုံးရောက်နိုင်ခဲ့တဲ့ဗီဒီယိုလည်းဖြစ်ပါတယ်။ဒီဗီဒီယိုဟာ 10 million likes ရောက်ရှိတော့မှာဖြစ်ပြီး လက်ရှိမှာတော့ 9.9 million likes ရရှိထားပြီးဖြစ်ပါတယ်။

‘MONEY’ ဟာ Lisa ရဲ့တစ်ကိုယ်တော် သီချင်းနှစ်ပုဒ်အယ်လ်ဘမ် ‘LALISA’ ထဲက တစ်ပုဒ်ဖြစ်ပါတယ်။

အတိတ်မှာလည်း Lisa က ‘LALISA’ MV နဲ့ YouTube မှာ 400 million views ကျော်ကို K-Pop အမျိုးသမီး တစ်ကိုယ်တော်အဆိုရှင်တွေထဲအမြန်ဆုံးရောက်ရှိနိုင်တဲ့ စံချိန်ချိုးထားသူဖြစ်ပါတယ်။

‘MONEY’ ကပြမှုကို နောက်တစ်ကြိမ်ကြည့်ရှုရင်း Lisa ကို ဂုဏ်ပြုလိုက်ကြပါစို့။

Leave a Reply

Your email address will not be published. Required fields are marked *