Sim Card မှတ်ပုံတင်တာနဲ့ ပတ်သတ်ပြီး ပြန်လည် စစ်ဆေးကြဖို့ အတွက် နည်းလမ်းလေးကို မျှဝေပေးလာတဲ့ မအေးသောင်း

မော်ဒယ်မလေးအဖြစ် အနုပညာလောကကို စတင်ဝင်ရောက်လာခဲ့ပြီးနောက်ပိုင်းအောင်မြင်လာခဲ့တဲ့မင်းသမီးအေးဝတ်ရည်သောင်း ကိုတော့ပရိသတ်တိုင်း ချစ်ခင်ကြလိမ့်မယ်ထင်ပါတယ်။ပေါက်စီ လို့ချစ်နိုးခေါ်ကြတဲ့ မအေးသောင်းဟာ မြန်မာဝတ်စုံလေးတွေကိုသာအမြဲတမ်းဝတ်ဆင်လေ့ရှိပါတယ်။

ရုံတင်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “မုန်းစွဲ”ဇာတ်ကားကြီးမှာနာမည်ကြီးသရုပ်ဆောင်တွေနဲ့အတူပါဝင်ရိုက်ကူးခဲ့ပြီး ပရိသတ်အားပေးမှု့ကို နှစ်ဆရရှိခဲ့တာပဲဖြစ်ပါတယ်။ မကြာသေးခင်နာရီပိုင်းလောက်ကမအေးသောင်း ဟာ Sim Card မှတ်ပုံတင်တာနဲ့ပတ်သတ်ပြီး ပရိသတ်တွေကိုသတိပေးလိုက်ပါတယ်။

မင်းသမီးမအေးသောင်း ဟာ Sim Card မှတ်ပုံတင်ထားခြင်းရှိမရှိပြန်လည်စစ်ဆေးဖို့အတွက် ပရိသတ်တွေကို ပြန်လည်မျှဝေပြီး သတိပေးထားပါတယ်။ ” သတိပြုရန် ယခု မှတ်ပုံတင်ထားခြင်းမရှိဘဲ အသုံးပြုနေသည့် Sim Card အများအပြားပိတ်သိမ်းခံရမှုတွေရှိလာပါတယ်၊

ကိုယ်အသုံးပြုနေသည့် Sim Card မှတ် ပုံတင်ထားခြင်း ရှိ/မရှိ စစ်ဆေးကြပါ၊ ငွေလွှဲများ ချိတ်ဆက် အသုံးပြုထားလျှင် ဖြစ်နိုင်ရင် အမြန်ဆုံး ပြောင်းလဲအသုံးကြပါရန် သတိပေးအပ်ပါသည် ဆုံးရှုံးသွားလျှင် ပြန်လျောက်ဖို့ခက်ခဲပါတယ်။

မှတ်ပုံတင်စစ်ဆေးရန်MPT – *601# Telenor – *97933# Ooredoo – *666# ” လို့ သူမရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ပြန်လည်မျှဝေထားတာကို တွေ့ရပါတယ်။

ပရိသတ်ကြီး‌ရေ Sim Card မှတ်ပုံတင်ထားခြင်းရှိ/မရှိကိုပြန်လည် စစ်ဆေးကြည့်လိုက်ပါအုန်းနော်။ အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *