ကွယ်လွန်ခဲ့တာ ၂၃နှစ်ပြည့်တဲ့နေ့လေးမှာ ဖခင်ဖြစ်သူ အားသတိရလွမ်းဆွတ်ကြောင်းရင်ဖွင့်ခဲ့ပြီးရောက်လေရာမှာ ကုသိုလ်အမြဲပြုလုပ်ပေးနေကြောင်းပြောလာတဲ့ ရွှေရည်သိန်းတန်

ချစ်ပရိသတ်ကြီးရေ မြန်မာသံစဉ်တေးသီချင်းတွေနဲ့ ဂီတမှတ်တိုင်ကြီးကြီးမားမားကို စိုက်ထူထားနိုင်သူ တေးသံရှင် တွံ့တေးသိန်းတန်ကတော့ လူသေသွားပေမယ့် သူ့ရဲ့ နာမည်နဲ့ သီချင်းတွေက ပရိသတ်တွေကြားမှာ ဒီနေ့ဒီအချိန်ထိ ရှင်သန်နေဆဲ ဖြစ်ပါတယ်။

တွံ့တေးသိန်းတန်ရဲ့ သမီးဖြစ်သူ ရွှေရည်သိန်းတန်ကလည်း ဖခင်ဖြစ်သူရဲ့ အနုပညာကို အမွေတွေကို ဆက်ခံထားနိုင်သူဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ဒီနေ့ ဇန်နဝါရီလ (၁၁)ရက်နေ့မှာတော့ ပရိသတ်တွေရဲ့အချစ်တော် ဂန္တဝင်အဆိုတော်ကြီး တွံတေးသိန်းတန်ကွယ်လွန်သွားတာ (၂၃)နှစ်ပြည့်မြောက်တဲ့ နေ့ရက်လေးပဲဖြစ်ပါတယ်။

သမီးဖြစ်သူရွှေရည်သိန်းတန်ကတော့ ဖခင်ကြီး(၂၃)နှစ်ပြည့်နှစ်ပတ်လည်ဖြစ်တဲ့ ဒီနေ့လေးမှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖခင်ကြီးကို လွမ်းဆွတ်တမ်းတနေကြောင်း အခုလိုပဲရင်ဖွင့်လာခဲ့ပါတယ်။

“ဖေဖေ..၂၃ နှစ်ပြည့်ပြီတဲ့.တနေ့မှမမေ့သလို..ပူလောင်မှုတွေကြုံလာတိုင်းမျက်ရည်တွေကျရတိုင်းအကြိမ်ကြိမ် လဲပြိုရတိုင်းဖေဖေပေးတဲ့စိတ်ခွန်အားတွေနှင့်အကြိမ်ကြိမ်တည့်မတ်.ရုန်းထဖြတ်ကျော်လာခဲ့ရတာလည်း၂၃နှစ်ပြည့်ပြီပေါ့ဖေဖေရယ်

သမီးနှင့် အဖေက လက္ခဏာရောဇာတာပါတူတယ်.သမီးနာမည်အနောက်မှာ မင်းနာမည်ပါရင်.သူ့ဘဝ ကြမ်းလိမ့်မယ်လို့ရွှေပေါ်ကျွန်းဆရာတော်ကြီးဘုရားကြီးမိန့်ခဲ့တုန်းကအဖေရော သမီးပါ ခေါင်းမာမာနှင့် မှတ်ပုံတင်ထဲအထိရွှေရည်သိန်းတန် လို့အဖေနာမည်ပေးခဲ့တာကို အမြဲသတိရတယ်ဖေဖေ

သမီးပျော်တယ်..ဘာလောကဓံကြုံကြုံ သမီးကျေနပ်တယ်.ဖေဖေ့သမီးဖြစ်ရတာ.ဂုဏ်ယူတယ် .ဖေဖေ.ခေါင်းမာတာရော..ဘဝနာတာရော.ဘာတွေတူရတူရဖေဖေနှင့်သာတူရမယ်ဆို.ဒီနာမည်လေးကိုတသက်လုံးတမြတ်တနိုးနှင့် သေသည်အထိသမီးအရာရာကို အကောင်းဆုံး ဖြတ်ကျော်ပြသွားမယ်..ဖေဖေက သမီးအတွက် တဘဝစာ လမ်းပြခဲ့သူ.HERO ကြီးပါဖေဖေရယ်S.Y. T. T”

ဒါ့အပြင် ရွှေရည်သိန်းတန်က ရောက်လေရာအရပ်တိုင်းမှာ ဖခင်ဖြစ်သူအတွက်ရည်စူးပြီး ကောင်းမှုကုသိုလ် အမြဲလုပ်ဖြစ်ပုံကိုလည်းယခုလိုပြောပြခဲ့ပါသေးတယ်။

“ရောက်ရာနေရာအလုပ်လုပ်ရင်းဖေဖေ့အတွက် ဒီနေ့ဘုရားသွားကောင်းမှုပြုပါမယ်.အမျိုးတို့ ကမ္ဘာသူကမ္ဘာသားအပေါင်းမြန်မာပြည်သူပြည်သားအပေါင်းဘေးဆိုးကပ်ရောဂါဆိုးအပေါင်းကိုကြားသိရမကြုံ​တွေ့ရသောဘဝဖြင့်အမြန်ဆုံးလွတ်မြောက်ကြပါစေ

ဤနေ့သည်…အဂ်ါနေ့ဖြစ်ပါသောကြောင့်.အဂ်ါဂြိုလ်မင်းကြီးနှင့်တကွအဂ်ါသားသမီးအပေါင်းတို့၏ကိုယ်စား. .. ပဌာန်းကျမ်းတော်မြတ်၅ကျမ်းအားရွတ်ပွါးပူဇော်၍လည်းကောင်း..သံဗုဒ္ဓေ ၉၀၀၀၀.. သရဏဂုံ ၉၀၀၀၀.ရက် ၉၀ အဓိဌာန်ဖြင့်၎င်း.မဟာဝေဒဗ္ဗရတနာမဏ္ဏာန်နှင့် ပထဝီဇယမဏ္ဏာန်တော်မြတ်ကို ရက်၉၀အဓိဌာန်ဖြင့်၎င်း.

မေတ္တာသုတ်ပရိတ်တော်မြတ်ကို..၁၀၈ ကြိမ်တိတိရွတ်ပွားပူဇော်ပါ၏..ဤကောင်းမှုကြောင့်..အဂ်ါ ဂြိုလ်မင်းကြီးနှင့်တကွ..အဂ်ါ သားသမီးအပေါင်းသူတော်ကောင်းတို့သည်၎င်း..အဂ်ါနေ့ဖွားအနုပညာရှင်အပေါင်းသူတော်ကောင်းတို့သည်၎င်း..အဂ်ါနေ့ဖွားရတနာလုပ်ငန်းဖြင့်အသက်မွေးကြသူ..ဝတ်ဆင်ကြသူအပေါင်းတို့သည်၎င်း.ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ..

ဒေါသခပ်သိမ်းငြိမ်းကြပါစေ..ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ…နှလုံးစိတ်ဝမ်းအေးချမ်းကြ၍..လူအချင်းချင်း..လှည့်ပတ်ခြင်း..အထင်သေးခြင်း..ဆင်းရဲစေလိုခြင်း..ကင်းကြပါစေရှင်.ဗုဒ္ဓဂုဏ်တန်ခိုးဖြင့်အေးချမ်းကြပါစေ”ဆိုပြီးရေးသားထားတာလေးကို ဖော်ပြပေးလိုက်ရပါတယ်နော်

Leave a Reply

Your email address will not be published. Required fields are marked *