ဆေးရုံတက်နေရတဲ့ သားလေး ခိုင်ဇွဲခန့်မောင်ရဲ့ ဝမ်းသားစရာသတင်းကို ပြောပြလာတဲ့ ခိုင်နှင်းဝေ

ပရိသတ်ကြီးရေ ခိုင်နှင်းဝေကတော့ မိဘတွေရဲ့စွန့်ပစ်ခြင်းကို ခံရတဲ့ ရင်ခွင်မဲ့ လူမမယ်ကလေးငယ်တွေကို မိခင်အရင်သဖွယ်မေတ္တာတွေပေးကာစောင့်ရှောက်နေခဲ့တာပရိသတ်တွေတွေ့မြင်တဲ့အတိုင်းပါပဲနော်။

ကလေးတွေကို သားသမီးအရင်းအဖွယ် စေတနာအပြည့်နဲ့ စောင့်ရှောက်တဲ့ ခိုင်နှင်းဝေရဲ့ စိတ်ဓာတ်လေးက တော်ရုံလူတွေမှာ မရှိနိုင်တဲ့ စိတ်လေးပါ။ကလေးတွေကို ပြုစုစောင့်ရှောက်ရုံသာမက ကျန်းမာရေးမကောင်းတဲ့ ကလေးတွေကိုလည်း ရောဂါတွေပါ ကုသပေးနေခဲ့ပါသေးတယ်။

လတ်တလောမှာလည်း သူ့ရဲ့ကလေးတွေထဲက သားလေး ခိုင်ဇွဲခန့်မောင် လေးက ကျန်းမာရေးမကောင်းတာကြောင့် ဆေးကုသမှုခံယူနေခဲ့ရပါတယ်။ သိုပေမဲ့ လက်ရှိမှာ သားလေးက ကျန်းမာရေးလည်းကောင်းမွန်လာပြီး ရောဂါ ဝေဒနာတွေလည်း သက်သာနေပြီဖြစ်တဲ့အတွက် ဆေးရုံက ဆင်ရပါတော့မယ်တဲ့။

ခိုင်နှင်းဝေကတော့ သားလေး ခိုင်ဇွဲခန့်မောင်ကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် သားလေးဆေးရုံဆင်းခွင့်ရပြီဖြစ်တဲ့ ဒီသတင်းကောင်းလေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးရေ သားလေးကို တက်ရောက်ကုသခွင့်ပေးတဲ့ ရန်ကင်းကလေးဆေးရုံကြီးကိုလည်း ခိုင်နှင်းဝေက ကျေးဇူးတင်ကြောင်းပြောထားပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *