သမီးလေးကို မြန်မာစကားသင်ပေးရင်း ချစ်ဖို့ကောင်းတဲ့ ဗီဒီယိုလေးကိုမျှဝေလာတဲ့ မေမေချမ်းချမ်း

သမီးလေးကိုမြန်မာစကားသင်ပေးရင်းချစ်ဖို့ကောင်းတဲ့ဗီဒီယိုလေးကိုမျှဝေလာတဲ့မေမေချမ်းချမ်း

ပရိသတ်တွေချစ်ခင်အားပေးရတဲ့အဆိုတော်ချမ်းချမ်းကတော့ကိုယ်ပိုင်အမ်ဘမ်များစွာထွ​က်ရှိထားပြီးဂီတနယ်ပယ်မှာအောင်မြင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။လက်ရှိမှာချမ်းချမ်းကခင်ပွန်းဖြစ်သူနဲ့နိုင်ငံခြားသွားရောက်နေထိုင်နေပြီးချစ်စရာသမီးငယ်လေးကိုပိုင်ဆိုင်ထားပါတယ်။

လသာအရွယ်သာရှိသေးတဲ့သမီးငယ်လေးကိုလည်းပြုစုစောင့်ရှောက်ရင်းပျော်ရွှင်ကြည်နူးနေရတာဖြစ်ပါတယ်နော်။သမီးငယ်လေးအတွက်မကြာသေးခင်ရက်ပိုင်းလောက်​ကအင်္ကျီလေးချုပ်ပေးထားပါသေးတယ်နော်။မနေ့ကတော့ချမ်းချမ်းရဲ့လူမှုကွန်ယက်တွင်ဗီဒီယိုလေးတစ်ခုတင်ပေးလာတာဖြစ်ပါတယ်နော်။

ဒါကတော့မြန်မာစကားအနည်းငယ်ပြောတတ်နေပြီဖြစ်တဲ့သမီးလေးရဲ့ထူးခြားမှုလေးတွေကိုဗီဒီယိုရိုက်ပြီးပြသလာတာဖြစ်ပါတယ်နော်။

သူမကလည်းမီးမီးနဲ့မေမေမနက်နိုးနိုးချင်းအပြင်ထွက်လိုက်တာမြူတွေဆိုင်းပြီးအေးနေလို့သမီးလေးကမေမေချုပ်ပေးတဲ့ ကုတ်အင်္ကျီလေးနဲ့နွေးထွေးနေရောကိုယ်ထင်တာပြောတာပါသမီးလေးစကားတွေစပြောတာသားသားတဲ့မနေ့ညကကျတော့မေမေတဲ့သူ့အဒေါ်နာမည်ကိုလဲအဲကာအဲကာတဲ့ဖေဖေကိုလဲဖဲဖဲတဲ့ဆိုပြီးရေးထားတာဖြစ်ပြီးပရိသတ်တွေအတွက်ဗီဒီယိုလေးပါတင်ဆက်ပေးလိုက်ရပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *