လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဘေးလွတ်ရာတိမ်းရှောင်ခဲ့ရသော်လည်း ကျန်နေခဲ့တဲ့ ပြည်သူတွေကို စိုးရိမ်နေကြောင်း ဖွင့်ဟလာတဲ့ ချမ်းမင်းရဲထွဋ်

ကယားပြည်နယ်၊ လွိုင်ကော်မြို့ဇာတိဖြစ်တဲ့ မော်ဒယ် သရုပ်ဆောင် ချမ်းမင်းရဲထွဋ်ဟာ သူကိုယ်တိုင် ဘေးလွတ်ရာရောက်နေပေမဲ့ တိုက်ပွဲကြားက မိသားစု၊ ဆွေမျိုးတွေနဲ့ ပြည်သူတွေအတွက် စိုးရိမ်ပူပန်နေရပါတယ်။ ကယားပြည်နယ်မှာ စနေနေ့တည်းက စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ခဲ့ပြီး စကစ ဘက်က လေကြောင်းနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါကြောင့် လွိုင်ကော်မြို့ပေါ်က ပြည်သူအများစု ထွက်ပြေးတိမ်းရှောင်နေရပြီး ရှမ်းပြည်ဘက် အများဆုံး ပြေးကြတယ်လို့ သိရပါတယ်။ထွက်ပြေးရတဲ့ထဲ ချမ်းမင်းရဲထွဋ်ရဲ့ အမေ၊ အဖွားနဲ့ အဒေါ်ပါ ပါဝင်ခဲ့ပါတယ်။ အထူးသဖြင့် အဖွားက နာတာရှည် လူကြီးရောဂါနဲ့ အိပ်ရာထဲလဲနေသူ ဖြစ်တာမို့ ပိုပြီး စိတ်မကောင်းဖြစ်ရတယ်လို့ သူက ဆိုပါတယ်။

သူ့ရဲ့ Facebook မှာ မိသားစုအတွက် ဆွေမျိုးတွေရှိရာ တခြားမြို့ကို ရောက်သွားပြီဖြစ်လို့ စိတ်အေးရသော်လည်း မရှောင်နိုင်ဘဲ ကျန်နေခဲ့တဲ့ မိတ်ဆွေများနဲ့ ပြည်သူတွေကို စိုးရိမ်ကြောင်း ရေးသားခဲ့ပါတယ်။ ကယားပြည်နယ်ကြီး အမြန်ဆုံး ငြိမ်းချမ်းပါစေလို့လည်း ဆုတောင်းထားပါသေးတယ်။




Leave a Reply

Your email address will not be published. Required fields are marked *