တူတူကစားခဲ့တဲ့ GAME ထဲက သူငယ်ချင်း”ရေမွန်” ရေးထားတာလေးတွေကို ပြန်ဖတ်ပြီး သတိရနေကြောင်းရင်ဖွင့်လာတဲ့ အောင်လ

အချိန်ဘယ်လောက်ကြာကြာ ချစ်ရတဲ့သူတွေရဲ့ ရင်ထဲမှာတော့ ထာဝစဉ် ရှင်သန်နေဆဲပါပဲ …..လူငယ်တွေကြိုက် သီချင်းတွေကို သီဆိုနိုင်တဲ့ Idiots Band ရဲ့ ပင်တိုင်အဆိုတော် တစ်ဦးဖြစ်တဲ့ ရေမွန်ကတော့ သီချင်းကောင်းလေးတွေ ကိုယ်တိုင်သီဆိုပြီး အောင်မြင်မှုတွေကို ရရှိခဲ့တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။

သူ့ရဲ့သီချင်းတွေက လူငယ်တွေရဲ့ကြားမှာ ဘယ်အချိန်ပဲနားထောင်ထောင် ရိုးမသွားတဲ့ သီချင်းတွေအဖြစ်ကျော်ကြားနေဆဲပဲ ဖြစ်ပါတယ်။ အနုပညာသမားအချင်းချင်း လေးစားဂုဏ်ယူရတဲ့ ရေမွန်က ဇွန်လ ၂၃ ရက်နေ့ မနက်ပိုင်းက ကွယ်လွန်သွားခဲ့တာ ဖြစ်ပြီး သူကိုချစ်ရတဲ့သူတွေကို နှုတ်ဆက်ထွက်ခွာသွားခဲ့တာ (၆) လတိတိပြည့်ခဲ့ပြီပဲဖြစ်ပါတယ်။

အချိန်ကာလ ဘယ်လောက်ပဲကြာကြာ ရေမွန်ကို ပရိသတ်တွေကလည်း သတိရနေကြပြီး သူ့ရဲ့မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေကလည်း နေ့စဉ်နေ့တိုင်း သတိတမ်းတနေကြဆဲဖြစ်ပါတယ်။ရေမွန်နဲ့ SIR အဖွဲ့ဆိုပြီး သီချင်းတွေအတူတူဆိုခဲ့ကြတဲ့ အဆိုတော်အောင်လက သူ့ရဲ့သူငယ်ချင်း ရေမွန်ကိုသတိရကြောင်းကို

“ ဒီနေ့ ငါမင်းကို ပို သတိရတယ် …..မင်းတို့ idiots သီချင်းတွေ ဆိုဖြစ်တယ်မင်းနဲ့ ကစားခဲ့တဲ့ COC တောင်ဝင်ပြီး မင်းရေးတဲ့ comments တွေပြန်ကြည့်ဖြစ်တယ်….”လ”ဘဲကွာ မင်းနဲ့ငါ ၃ရက်လောက်ကတောင်စကားပြောခဲ့သေးတယ်ကွာ……” ဆိုပြီး သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာကနေ ရင်ဖွင့်လာခဲ့ပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *