မိကျောင်းလေးတွေကို အစာကျွေးရင်း အမှတ်တရ ပုံလေးတွေ ရိုက်ကူးခဲ့တဲ့ ပိုးကြာဖြူခင်

ပိုးကြာဖြူခင်ကတော့ ဇာတ်လမ်းတွဲတွေ ရိုက်ကူးရာကနေ အောင်မြင်ကျော်ကြားလာတာ ဖြစ်ပြီး အခုနောက်ပိုင်းမှာတော့ ကြော်ငြာတွေနဲ့ Photo Shooting တွေကိုပါ ရိုက်ကူးလာတာတွေ့ရပါတယ်။

စိတ်ထားဖြူစင်ပြီး လူငယ်ပီပီ လွတ်လပ်ပေါ့ပါးစွာ နေထိုင်တတ်သူလေး ဖြစ်ပြီး အနုပညာအလုပ်ပေါ်တွင်လည်း တန်ဖိုးထားကာပရိသတ်တွေ အတွက် အမြဲကြိုးစား အားထုတ်နေတဲ့ သူလေး ဖြစ်ပါတယ်။

ပိုးကြာဖြူခင်က အသံချိုချိုအေးအေးလေးကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ် ။ သီချင်းလေးတွေကိုလည်း ပရိသတ် ရင်ထဲရောက်အောင်သီဆိုနိုင်တဲ့သူလေးဖြစ်ပြီး သီချင်းသစ်လေးတွေလည်းထွက်ရှိခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင် အလှူအတန်းတွေ ဆိုရင်လည်း မကြာခဏ ပြုလုပ်တတ်ပါသေးတယ် ။

သူမရဲ့လှုပ်ရှားမှုပုံလေးတွေကိုလည်းပရိသတ်တွေနဲ့ အဆက် အသွယ် မပြတ်ရအောင် ဖော်ပြပေးလေ့ရှိပါတယ်။အခုလည်းမိကျောင်းလေးတွေကိုအစာကျွေးရင်း အမှတ်တရရိုက်ကူးလာတဲ့ပုံလေးတွေဝေမျှလာပါတယ်။ပရိသတ်ကြီးလည်းအလွမ်းပြေ ပိုးရဲ့ ပုံလေးတွေကို ကြည့်ရှုနိုင်စေရန်ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။





Leave a Reply

Your email address will not be published. Required fields are marked *