ကွယ်လွန်တာ (၃)နှစ်ရှိသွားပြီဖြစ်တဲ့ သူငယ်ချင်းမင်းသွေးကို သတိရလွမ်းဆွတ်နေသေးကြောင်း ရင်ဖွင့်လာတဲ့ ညီမင်းခိုင်

ကွယ်လွန်တာ (၃)နှစ်ရှိသွားပြီဖြစ်တဲ့ သူငယ်ချင်းမင်းသွေးကို သတိရလွမ်းဆွတ်နေသေးကြောင်း ရင်ဖွင့်လာတဲ့ ညီမင်းခိုင်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ သရုပ်ဆောင် အဆိုတော် မင်းသွေး ကွယ်လွန်သွားခဲ့တာ မနေ့က အောက်တိုဘာလ (၃)ရက်နေ့မှာတော့ ကွယ်လွန်သွားတာ (၃)နှစ်ပြည့်မြောက်သွားခဲ့ပါတယ်။

အဆိုတော် ညီမင်းခိုင်ကတော့ သူငယ်ချင်းဖြစ်သူမင်းသွေးကို သတိတရနဲ့ လွမ်းဆွတ်နေကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။

“အဘယ်သောဘုံဌာနမှာစံမြန်းနေပြီမသိသောသူ။ ဒီနေ့ဆိုသုံးနှစ်တိတိပြည့်ခဲ့ပြီပေါ့သူငယ်ချင်း။ ကောင်းရာဘုံဘဝမှာအေးချမ်းပါစေ။”ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သူငယ်ချင်းဖြစ်သူမင်းသွေးနဲ့ အတူရိုက်ကူးထားတဲ့ အမှတ်တရပုံလေးတွေနဲ့ သတိရနေကြောင်း ဝမ်းနည်းစွာနဲ့ ရင်ဖွင့်ထားခဲတာပါ။

ပရိသတ်တွေကလည်း ညီမင်းခိုင်ရဲ့ ပိုစ့်အောက်မှာ မင်းသွေးကို သတိရလွမ်းဆွတ်ကြောင်းနဲ့ အေးချမ်းတဲ့ ဘုံဘဝမှာ အေးချမ်းနေစေဖို့ ဆုမွန်ကောင်းတွေတောင်ပေးထားကြပါသေးတယ်။ ပရိသတ်ကြီးရေ မင်းသွေးဆုံးသွားတာ (၃)နှစ်ဆိုပေမဲ့ မနေ့တစ်နေ့ကလိုပါပဲနော်။

Leave a Reply

Your email address will not be published. Required fields are marked *