ခမ်းနားထည်ဝါတဲ့ မင်္ဂလာဧည့်ခံပွဲလေးမှာ သျှမ်းရိုးရာ ဝတ်စုံလေးတွေနဲ့ ချစ်စရာကောင်းနေကြတဲ့ Morris တို့ဇနီးမောင်နှံ

ပရိသတ်တွေ အားပေးချစ်ခင်ရတဲ့ ProjectK အဖွဲ့ဝင် Morris ကိုတော့ အားလုံးသိကြမယ်လို့ ထင်ပါတယ်။ Morris ဟာ ဆွဲဆောင်မှုရှိတဲ့ ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားတာကြောင့် နှုတ်ခမ်းနီမလေးတွေ သဘောကျခဲ့တဲ့ သူတစ်ဦးဖြစ်သလို အနုပညာနယ်ပယ်တစ်ခုမှာလည်း တစ်နေရာတစ်ခုကို ရရှိထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ လတ်တလောမှာတော့ Morris က သာယာပျော်ရွှင် အိမ်ထောင်တစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

Morris ရဲ့ ဇနီးလေးကလည်း ချောမောလှပပြီးချစ်စရာကောင်းနေတာဖြစ်လို့ နှစ်ယောက်လုံးက နေနှင့်လ ၊ ရွှေနှင့်မြလို လိုက်ဖက်တင့်တယ်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက ခမ်းနားထည်ဝါ လှပတဲ့ မင်္ဂလာပွဲတွေကိုလည်း ကျင်းပခဲ့ပြီး ကြည်နူးချစ်စရာ ဖြစ်လို့ ပရိသတ်တွေကတောင် သဘောကျခဲ့ရပါတယ်။

ယခုမှာလည်း ဇန်နဝါရီလ (၁၁) ရက်နေ့က Morris တို့ ဇနီးမောင်နှံနှစ်ယောက်ဟာ မင်္ဂလာဦးဆွမ်းကျွေး ဧည့်ခံပွဲကို ထပ်မံ ကျင်းပခဲ့တာ တွေ့ရပါတယ်။

ဒီ မင်္ဂလာဦးဆွမ်းကျွေး ဧည့်ခံပွဲကိုတော့ ကိုးမိုင်သျှမ်းဘုန်းကြီးကျောင်း​ရဲ့ အုံ့မှိုင်းနေတဲ့ သစ်တောအုပ်အလယ်မှာ ခမ်းနားထည်ဝါစွာ ကျင်းပခဲ့တာလို့ သိရပါတယ်။ ဖော်ပြလာတဲ့ မင်္ဂလာပုံရိပ်တွေမှာတော့ ဇနီးမောင်နှံနှစ်ဦးလုံးဟာ သျှမ်းရိုးရာမင်္ဂလာဝတ်စုံလေးတွေနဲ့ ကြည်နူးချစ်စရာ ကောင်းနေတာတွေ့ရပါတယ်။

ပရိသတ်တွေလည်း ယခုလို ခမ်းနားထည်ဝါတဲ့ မင်္ဂလာဦး ဆွမ်းကျွေးဧည့်ခံပွဲကို ကျင်းပခဲ့တဲ့ Morris တို့ဇနီးမောင်နှံနှစ်ဦးရဲ့ ပုံရိပ်လေးတွေကို သဘောကျစေမှာတော့ အသေအချာပါ။

Leave a Reply

Your email address will not be published. Required fields are marked *