ချစ်ရသူလေးစိုးသူနဲ့အတူ သီတင်းကျွတ်အခါသမယလေးမှာ ဆီးမီးပူဇော်ရင်း ပျော်ရွှင်စရာအချိန်တွေကို ဖြတ်သန်းနေကြတဲ့ စိုးမြတ်နန္ဒာ

ချစ်ရတဲ့ ပရိသတ်ကြီးရေ ငယ်ကချစ် အနှစ်တစ်ရာဆိုတဲ့ ဆိုရိုးစကားအတိုင်း သရုပ်ဆောင် စိုးသူနဲ့ စိုးမြတ်နန္ဒာတို့ချစ်သူနှစ်ဦးဟာ ပြန်လည်ပေါင်းဖက်နေကြတာ အားလုံးလည်း အသိပါပဲနော်။

လူတိုင်းရဲ့ ဝေဖန်တိုက်ခိုက်တဲ့ ဒဏ်ကိုလည်း များစွာခံခဲ့ရပြီး နောက်ဆုံးမှာတော့ ချစ်ရသူနဲ့အတူ လက်တွဲနိုင် ခဲ့တာလည်း အားကျဖွယ် မြင်တွေ့ရမှာပါနော်။

သူတို့နှစ်ဦးဟာ အနုပညာအလုပ်တွေ သိပ်မလုပ်ကြတော့ဘဲ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုသာ လုပ်ကိုင်နေကြပြီး ကြည်နူးစရာကောင်းတဲ့ ဘဝလေးကို ပိုင်ဆိုင်ထားကြတာပါနော်။

ကိုဗစ်ကာလမှာလည်း နှစ်ယောက်သား လမ်းလျှောက်ကာ ကျန်းမာရေးလိုက်စားနေတဲ့ ပုံရိပ်တွေကိုလည်း ဒါဒါရဲ့ ဆိုရှယ် မီဒီယာမှာ မြင်တွေ့ရမှာပါနော်။

အခုတစ်ခါမှာလည်း စိုးမြတ်နန္ဒာရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ဓာတ်ပုံတစ်ချို့ ဝေမျှထားတာ ဖြစ်ပါတယ်။

ဒါကတော့ လူမှုကွန်ယက်တွင် အချိန်အတော်ကြာ ပျောက်သွားပြီး အခုချိန်မှ ဆီမီးထွန်းပူဇော်နေတဲ့ ပုံရိပ်များဖြင့် တရေးနိုးထလာတဲ့ စိုးမြတ်နန္ဒာတို့ဇနီးမောင်နှံတို့ ပုံရိပ်တွေပဲ ဖြစ်ပါတယ်။

ပရိသတ်တွေလည်း ကြည့်ရှုနိုင်စေဖို့ တင်ဆက်ပေ းလိုက် ရပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *