သူမ ပါဝင် သရုပ်ဆောင်တဲ့ New_Amsterdam ဇာတ်လမ်းတွဲမှ သရုပ်ဆောင်ပုံရိပ်များ ကိုမျှဝေလာတဲ့ မြန်မာရုပ်ရှင်မင်းသမီးကြီး မေဝင်းမောင်

New Amsterdam TV ဇာတ်လမ်းတွဲမှာ ရုပ်ရှင်သရုပ်ဆောင်မေဝင်းမောင်သည် “ဟေမာတံခွန်”ခေါ် “Miss Takhon” ဆိုတဲ့ မြန်မာအမျိုးသမီးကြီးအနေနဲ့ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Season 4 ကို October လ ၂၀ ရက်နေ့က ပြသထုတ်လွှင့်ခဲ့ပါတယ်။

New Amsterdam TV ဇာတ်လမ်းတွဲဟာဆိုရင်ဖြင့် နာမည် TV ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး ဆေးရုံတစ်ရုံရဲ့ အဖြစ်အပျက် ဇာတ်လမ်းတွဲကို ရိုက်ကူးပြသနေတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။

ရုပ်ရှင်မင်းသမီးကြီးမေဝင်းမောင်သည် blacklist ဇာတ်ကားထဲမှ နာမည်ကြီး သရုပ်ဆောင် Ryan Eggold နဲ့ တွဲဖက်သရုပ်ဆောင်ရပြီး နောက်ထပ်မြန်မာလူမျိုး နှစ်ယောက်လည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

မြန်မာလူမျိုးသရုပ်ဆောင်တစ်ဦးက ဟေမာရဲ့ မြေးမလေး တစ်ဦးအဖြစ် သရုပ်ဆောင်ခဲ့ပြီး နောက်ထပ်တစ်ဦးမှာ မြန်မာသဲရုံးက အမှုထမ်းတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ရတာဖြစ်ပါတယ် ။

ထုတ်လွှင့်ပြသခဲ့တဲ့ မြန်မာရုပ်ရှင်သရုပ်ဆောင်မေဝင်မောင်ပါဝင်ခဲ့တဲ့ News Amsterdam Season4 ,Episode 5 မှ သရုပ်ဆောင်ပုံရိပ်များကို 8days ပရိသတ်တွေအတွက် မျှဝေတင်ဆက်ပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *