မြန်မာရိုးရာ ဝတ်စုံလေးကို ဝတ်ဆင်ကာပြည့်စုံလွန်းတဲ့ အလှတရားတွေနဲ့ ပရိသတ်တွေကို ကြွေစေပြန်တဲ့ အိချောပိုရဲ့ ပုံရိပ်များ

အိချောပိုကတော့ ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိလွန်းတာမို့ ပရိသတ်တွေကြား အမြဲရေပန်းစားအောင်မြင်နေသူလေးပါ ။

စူစူလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ပြည်သူ့အသည်းကျော်လေး သူမက ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ပြီး ထိပ်တန်းမင်းသမီးအဖြစ် အခိုင်အမာ ရပ်တည်နေသူလေးလည်း ဖြစ်ပါတယ် ။

အချိုးအစားကျပြီး ညို့အားပြင်းတဲ့ ခန္ဓာကောက်ကြောင်း အလှတွေကို ပိုင်ဆိုင်ထားတဲ့ စူစူကတော့ ဆွဲဆောင်မှုရှိတဲ့ သူမရဲ့အမိုက်စားပုံရိပ်လေးတွေကို မကြာခဏဆိုသလို မျှဝေတတ်ပါသေးတယ် ။

ပရိသတ်တွေကလည်း သူမရဲ့ အမိုက်စားပုံရိပ်တွေကို အမြဲ စောင့်မျှော် အားပေးနေတာလည်းဖြစ်ပါတယ် ။

အခုလည်း မြန်မာရိုးရာ ဝတ်စုံလေးကို ဝတ်ဆင်ကာ သူမတူအောင် ပြီးပြည့်စုံလွန်းတဲ့ အလှတရားတွေနဲ့ ပရိသတ်တွေကို ကြွေစေပြန်ပါတယ် ။

ပုံတိုင်းမှာ ကျက်သရေ ရှိရှိလေးနဲ့ အခါခါပြန်ကြည့်ချင်ရလောက်အောင် လှလွန်းနေတာကြောင့် ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *