ပြည်သူတွေကို ပြန်လည်တောင်းပန်လိုက်တဲ့ သရုပ်ဆောင် အကယ်ဒမီ ခန့်စည်သူ

ပြည်သူတွေကို ပြန်လည်တောင်းပန်လိုက်တဲ့ သရုပ်ဆောင် အကယ်ဒမီ ခန့်စည်သူ

သရုပ်ဆောင် ခန့်စည်သူ ကတော့ အားလုံးသိကြတဲ့ အတိုင်းပဲ ဖေဖော်ဝါရီလ ( ၁ ) ရက်နေ့ နောက်ပိုင်းက စပြီး ပြည်သူတွေ နဲ့ တသားထဲ မရှိပဲ လူထုလှုပ်ရှားမှုတွေမှာလဲ မပါဝင်ခဲ့ပါဘူး။

အဲ့ဒိနောက်မှာတော့ စစ်ကောင်စီ လက်အောက်မှာ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ရဲ့ ဥက္ကဌ အဖြစ် ခဏတာ တာဝန်ယူခဲ့ပါတယ်။

တာဝန်ယူပြီး မကြာခင်မှာပဲ သူ့ရဲ့ လက်အောက်မှာ အနုပညာရှင်တော်တော် များများ ဟာ ရုပ်ရှင်အစည်းအရှုံးက နှုတ်ထွက်လိုက်တာကြောင့် သိပ်မကြာခင်မှာပဲ သူတာဝန်ယူထားတဲ့ ဥက္ကဌ တာဝန်ကနေ နှုတ်ထွက်တာပဲ ဖြစ်ပါတယ်။

ယခု လို စစ်ကောင်စီ က နိုင်ငံတကာရဲ့ ထောက်ခံမှုလဲ မရတဲ့ အပြင် ပြည်တွင်းမှာလဲ ဘယ်နေရာမှာမှ ထောက်ခံမှုကို မရတဲ့ အချိန်မှာတော့

သရုပ်ဆောင် ခန့်စည်သူ ဟာ ပြည်သူတွေကို တောင်းပန်ပါတယ် ဆိုတဲ့ စကားလေး တစ်ခွန်းနဲ့တင် မျက်ရည်ရှူခဲ့တာပဲ ဖြစ်ပါတယ်။

ဒါကို ပြည်သူတွေ အနေနဲ့ လက်ခံသင့် မခံသင့် ဆိုတာကတော့ ပြည်သူတွေ အာလုံး ဆုံးဖြတ်ရမှာပဲ ဖြစ်ပါတယ်။မြန်မာ နိုင်ငံသူ နိုင်ငံသား အားလုံးလဲ စစ်အာဏာရှင် လက်အောက်ကနေ အမြန်ဆုံးလွတ်မြောက်ပြီး ကိုဗစ်ရောဂါဆိုးကြီး ဘေးမှလဲ အမြန်ဆုံးကင်းဝေးကြပါစေလို့ ဆုတောင်းလိုက်ရပါတယ် ။

အားလုံးကျန်းမာ ချမ်းသာစွာနဲ့ လိုရာဆန္ဒပြည့်ဝကြပါစေလို့ ထပ်မံ ဆုတောင်းပေးလိုက်ပါတယ်။မြန်မာ ပြည်ကြီး အမြန်ဆုံးငြိမ်းချမ်းကြပါစေ။

Leave a Reply

Your email address will not be published. Required fields are marked *