လတ်တလောနာမည်ကြီးလူကြည့်များနေတဲ့ Squid Game ထဲက player နံပါတ် 212 နှင့်ရုပ်ချင်းဆင်လွန်းလို့နာမည်ကြီးနေတဲ့ အမျိုးသမီးတစ်ဦး

မလေးရှားနိုင်ငံရှိအမျိုးသမီးတစ်ဦးဟာလတ်တလောနာမည်ကြီးလူကြည့်များနေတဲ့ Squid Gameကိုးရီးယား drama seriesထဲ၌ပါဝင်သရုပ်ဆောင်တဲ့သရုပ်ဆောင်မင်းသမီး Kim Joo Ryoung ရဲ့ Player နံပါတ်212ဖြင့်ကစားတဲ့Han Mi Nyeo ဆိုတဲ့ဇာတ်ကောင်နှင့်ရုပ်ချင်းဆင်လွန်းလို့

နာမည်ကြီးလူပြောများနေလျက်ရှိပါတယ်။ ပြီးခဲ့သည့်အပတ်က TikTokအသုံးပြုသူ @amein_nur_iman ဟာသူ၏လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ Atty Azni Abu Azalအမည်ရှိအမျိုးသမီးက Min Nyeo ကိုလိုက်တုပနေသည့်ဗီဒီယိုတစ်ခုကိုတင်ပေးခဲ့ပါတယ်။

၎င်း ၁၁ စက္ကန့်ကြာဗီဒီယိုအပိုင်း၌ အသက် ၄၂ နှစ်အရွယ် Atty ဟာ ပြိုင်ပွဲ၌ Dalgona သကြားလုံးစိန်ခေါ်မှုကိုကျော်ဖြတ်သွားနိုင်ခဲ့ပြီးနောက် သူမ၏မျက်နှာပေါ်တွင် ကျေနပ်နေတဲ့ နူးညံ့တဲ့အကြည့်ဖြင့် ကြယ်ပုံကိုကိုင်ထားတဲ့ Mi Nyeo ကဲ့သို့ ထပ်တူသရုပ်ဆောင်ပြနေခဲ့ပါတယ်။

“ မင်းရဲ့လုပ်ဖော်ကိုင်ဖက်က squid game ကို player 212 အဖြစ် join လိုက်တဲ့အခါ ” ဆိုတဲ့ caption ပါတပ်ပေးထားခဲ့ပါတယ်။ လေးရက်အတွင်း၎င်းဗီဒီယိုဟာ ကြည့်ရှုသူ ၃.၉ သန်းကျော်ရရှိခဲ့ပြီး ယနေ့ထိအကြိမ်ပေါင်း ၁၀,၅၀၀ ကျော်အထိလည်း share လုပ်ခံနေရပါသေးတယ်။

သူမရဲ့ Instagram Story မှာ ဒီ post ကိုတောင်ပြန်တင်ခဲ့တဲ့ မင်းသမီး Joo Ryoung ရဲ့အာရုံကိုတောင်ဖမ်းစားနိုင်တဲ့အထိ Atty ရဲ့ပုံစံဟာ ထူးဆန်းစွာဆင်တူလွန်းတဲ့ပုံစံလို့ဆိုရမှာပါ။

” ငါ လုံးဝမမျှော်လင့်ထားခဲ့ဘူး၊ ငါတို့ဒီဗီဒီယိုကိုအပျော်သက်သက်ဘဲလုပ်ခဲ့တာ ၊မင်းသမီးက သူမကိုယ်တိုင်အဲဒီဗီဒီယိုကိုပြန်တင်တာကိုတွေ့လိုက်တဲ့အခါ ငါတုန်လှုပ်သွားခဲ့တယ်” ဟု Atty က မင်းသမီးထံမှအာရုံစိုက်ခံလိုက်ရတဲ့အကြောင်းကို ဝမ်းသားစွာဖြင့် SAYS news သို့ပြောကြားခဲ့ပါတယ်။

ထို့နောက် Atty ကလည်း မင်းသမီး Joo Ryoung ရဲ့ post ကိုသူမရဲ့ Instagram တွင်ပြန်လည်မျှဝေခဲ့ပြီး ၎င်းက “ သူမရဲ့တစ်နေ့တာကို တကယ်ပဲအားဖြစ်စေကြောင်း ” ပြန်လည်ရေးသားဖော်ပြခဲ့ပါတယ်။

ယခင်က Atty ဟာ Squid Game ကို စိတ်မဝင်စားပေမဲ့ သူမရဲ့သူဌေးက သူမအား player 212 နှင့်အလွန်ဆင်တူကြောင်းပြောပြခဲ့ပြီးနောက်မှ ၎င်းကိုကြည့်ဖြစ်သွားခဲ့ကြောင်းနှင့် ၎င်းအားကြည့်လိုက်တဲ့အခါ Mi Nyeo က သူမနှင့် ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်အနေအထားပိုင်းဆိုင်ရာနှင့်ပါဆင်တူနေခဲ့တာကိုသိရှိခဲ့ရကြောင်းကို “ သူငယ်ချင်းတွေက ကျွန်မစကားပြောတဲ့ပုံက Mi Nyeo လို အသံအကျယ်ကြီးဘဲလို့ပြောခဲ့ကြတယ် ၊

အဲ့တာနဲ့ ကြည့်လိုက်တော့ ကျွန်မနဲ့တစ်ပုံစံတည်းတူနေတာကိုတွေ့တော့ အတော်လေးအံ့ဩနေခဲ့ရတယ် ” ဟုလည်း ပြောကြားခဲ့ပြီး ဗီဒီယိုဖိုင်ပျံ့နှံ့သွားပြီးနောက်မှာ သူမဟာ သူစိမ်းများစွာထံမှ သူမက (Player 212)နှင့်တူတဲ့မလေးရှားအမျိုးသမီးလားလို့လည်း အမေးခံခဲ့ရကြောင်းလည်းဆိုခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *