ကွယ်လွန်သွားတဲ့ဖခင်ဖြစ်သူအတွက်တစ်လပြည့်အလှူလေးပြုလုပ်ခဲ့တဲ့ အဆိုတော်ရတနာမိုင်

ကွယ်လွန်သွားတဲ့ဖခင်ဖြစ်သူအတွက်တစ်လပြည့်အလှူလေးပြုလုပ်ခဲ့တဲ့ အဆိုတော်ရတနာမိုင်

အချစ်ပရိတ်သတ်ကြီးရေယနေ့ကတော့မမိုင်လေးရဲ့ဖခင်ကွယ် လွန်သွားတာတစ်လပြည့်သွားပြီဖြစ်ပါတယ်၊မမိုင်လေးကိုချစ်ကြတဲ့ပရိန်သတ်တွေကလဲဖခင်ဆုံးရုံးလိုက်ရတဲ့မမိုင်လေးအတွက်အလွန်စိတ်မကောင်းဖြစ်နေရှာကြပါတယ်။

မမိုင်လေးကငယ်ရွယ်စဥ်ကတဲကအနုပညာလောကထဲကိုဝင်ရောက်လာသူပေါ့။သူအရမ်းဝါသနာပါတဲ့ဂီတလောကရဲ့ကြယ်ပွင့်လေးဖြစ်လာခဲ့ပါတယ်။

သီချင်းတွေသီဆိုရင်းလူအများကသတိထားမိလာကြပါတယ်။မမိုင်လေးကသီချင်းတွေဆိုတတ်ရုံသာမကချစ်စရာကောင်းတဲ့သူမရဲ့ကကွက်လေးတွေကလဲအ ချစ်ပိုစေခဲ့ဆိုလဲမမှားပါဘူးနော်။

မမိုင်လေးကတော့လတ်တလောမှာရင့်ကျပ်နေတဲ့မိန်းခလေးတစ်ယောက်ဖြစ်နေပါပြီ၊CoverSongတွေဆိုရင်းသူရဲ့ပရိတ်သတ်တွေနဲ့အဆက်အသွယ်မပြတ်ရှိနေပါတယ်။ယ နေ့လေးကတော့မမိုင်လေးကဖခင်ဖြစ်သူတစ်လပြည့်ကုသိုလ်လေးပြုလုပ်ခဲ့တဲ့ပဲဖစ်ပါတယ်နော်။

ဖခင်ကွယ်လွန်တာတစ်လပြည့်အနေနဲ့သံဃာတော်များကိုပင့်ဖိတ်ပြီးဆွမ်း၊လိုအပ်ပစ္စည်းနဲ့ဝတ္တုတို့ကိုကပ်လှူပူဇော်ခဲ့ပါတယ်။မမိုင်လေးတို့နေအိမ်မှာပဲမိသာစုလေးနဲ့အတူအလှူအတန်းလေးပြုလုပ်ခဲ့တာပဲဖစ်ပါတယ်။မမိုင်လေးကတော့ဖခင်ကိုသတိရနေဆဲပါပဲ၊သူမရဲ့Socialမှာလဲအခုလိုပြောပြလာခဲ့ပါတယ်။

“ဘာလိုလိုနဲ့ဖေကြီးသမီးတို့ကိုခွဲခွာသွားတာ၁လတောင်ပြည့်သွားပြီဖေကြီးရေဖေကြီးကိုရည်စူးပြီးသမီးတို့သားအမိပြုလုပ်တဲ့ကုသိုလ်တွေအများကြီးရပါစေနော်လူဖြစ်လူချမ်းသာနတ်ဖြစ်နတ်ချမ်းသာဖြစ်ပါစေမြင့်မြတ်သောဘုံဘဝမှာခံစားစံစားနိုင်ပါစေ” ဆိုပြီးသူမရဲ့ခံစားချက်တွေမျှဝေလာခဲ့ပါတယ်။ဖတ်ရှု့ပေးလို့ကျေးဇူးပါနော်။

Leave a Reply

Your email address will not be published. Required fields are marked *