အမေနှင့်အတူ တရားရိပ်သာဝင်ရင်း ကောင်းမှုကုသိုလ်များလုပ်နေတဲ့ ဖြူဖြူထွေး

ဖြူဖြူထွေး ကတော့ အနုပညာနယ်ပယ်မှာ အချိန်အတိုတွင်း အခိုင်အမာ ရပ်တည်ထားနိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိထားခဲ့ပါတယ်။ ဖြူဖြူထွေးက ကြော်ငြာတွေများစွာနဲ့ ဗီဒီယိုဇာတ်ကားတွေကို လက်ခံရိုက်ကူးခဲ့ရတာ လည်းတွေ့ရပါတယ်။

မိဘကိုလည်း သိတတ်ပြီး ကျွေးမွေးပြုစုနေတဲ့ သမီးအလိမ္မာလေး တစ်ယောက်ဖြစ်တာကြောင့် အားလုံးက ချစ်ခင်နေကြတာပါ ။

ဒါ့အပြင် သူမက သူတစ်ပါးကိုလည်း အမြဲကူညီတတ်ပြီး သူမရှာဖွေထားတဲ့ ချွေးနှဲစာနဲ့ အလှူအတန်းတွေကို ရက်ရက်ရောရော လှူဒါန်းပေးတဲ့ သူလေးလည်း ဖြစ်ပါတယ်။

အခုလည်း ချစ်ရတဲ့ မေမေနဲ့အတူ ရှမ်းပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ အတုလဇေယျဝံသီသာသနာ့ရိပ်သာ မှာ ကောင်းမှုကုသိုလ်တွေ များစွာ ပြုလုပ်ဖြစ်ခဲ့တာကိုတွေ့ရပါတယ် ။

ကောင်းမှုပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေကိုလည်း အမှတ်တရ ဖော်ပြထားရာ ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *