ထူးခန့်ကျော်တည်မယ့် စေတီတော်မှာ ဌာပနာဖို့ ရတနာပစ္စည်းနဲ့အလှူငွေတွေလှူဒါန်းခဲ့တဲ့ သရုပ်ဆောင် ဒေါ်ခင်အုန်းမြင့်

ပရိသတ်ကြီးရေ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ထူးခန့်ကျော်ကတော့ လက်ရှိမှာ ရောဂါဝေဒနာခံစားနေရတဲ့သူတွေကို သူတတ်တဲ့ ပညာရပ်နဲ့ ဝေဒနာတွေကို သက်သာပျောက်ကင်းအောင်ကုသပေးပြီး

လူသားအကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်နေခဲ့ပါတယ်။ ထူးခန့်ကျော်က တော့ စေတီတော်တစ်ဆူကိုလည်း တည်ဖို့ ဆောင်ရွက်နေခဲ့ပါတယ်။

ထူးခန့်ကျော်တည်မယ့်စေတီတော်အတွက် စေတနာရှင်တွေကလည်း စေတီတည်ရာမှာ လိုအပ်တာတွေကို လှဒါန်းပေးနေခဲ့ကြပြီး ရုပ်ရှင်နှင့် ဗီဒီယိုသရုပ် ဆောင် ဒေါ်ခင်အုန်းမြင့်ကလည်း အပါအဝင်ပဲဖြစ်ပါတယ်။

ဒေါ်ခင်အုန်းမြင့်ကတော့ စေတီတော်တည်ရာမှာ အသုံးပြုဖို့ အလှူငွေ (၁)သိန်းကျပ်နဲ့ စေတီတော်တည်ရာမှာ ဌာပနာအဖြစ်နဲ့ထည့်ဖို့ ဥဿဖရားနားကပ်(၁)ရံကို လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။

ထူးခန့်ကျော်ကတော့ အခုလို သူကိုယ်တိုင်လည်း လေးစားချစ်ခင်ရတဲ့ အနု ပညာရှင်ကအခုလို သူရဲ့စေတီတည်ထားတဲ့ အလှူလေးမှာ ပါဝင်လှူဒါန်းပေးခဲ့တဲ့အတွက် ကြည်နူးပီတိဖြစ်နေခဲ့ပါသေးတယ်။

သရုပ်ဆောင် အမေဒေါ်ခင်အုန်းမြင့်ရဲ့ အလှူလေးကို ပရိသတ်တွေကလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *