၅၀၅ (က)လွတ်အောင် လက်မှတ်ထိုးမယ့်အထဲ သူမ မပါဘူးဟုဆိုခဲ့ဖူးတဲ့ သရုပ်ဆောင် နွယ်ဒါလီထွန်း အပြောနဲ့အလုပ်မညီလို့ ပရိတ်သတ်ဝေဖန်ခံနေရ…

၅၀၅ (က)လွတ်အောင် လက်မှတ်ထိုးမယ့်အထဲ သူမ မပါဘူးဟုဆိုခဲ့ဖူးတဲ့ သရုပ်ဆောင် နွယ်ဒါလီထွန်း အပြောနဲ့အလုပ်မညီလို့ ပရိတ်သတ်ဝေဖန်ခံနေရ…

သရုပ်ဆောင် နွယ်ဒါလီထွန်းကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်ပြီး ဆန္ဒပြခဲ့တာကြောင့် စစ်ကောင်စီဘက်မှ ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆို အရေးယူခဲ့တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် အချိန်အတော်ကြာ ဘေးကင်းရာသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာ ဖြစ်ပါတယ်။ သူမဟာ လွန်ခဲ့တဲ့ ဂျူလိုင်လလောက်က Facebook ပေါ်တွင် ပို့စ်တစ်ခု ရေးသားခဲ့ဖူးပါတယ်။

ဒါကတော့ ၅၀၅(က) ပြုတ်ဖို့အတွက် ခံဝန်ကတိထိုးပြီး အိမ်မှာအေးဆေးပြန်နေသူများထဲတွင် သူမ မပါကြောင်း ပွင့်ပွင့်လင်းလင်း အသိပေးလာခဲ့တဲ့ စာလေးတစ်ခု ဖြစ်ပါတယ်။ ” ဒီလမ်းကို လူများလို့ လိုက်လျှောက်ခဲ့တာမဟုတ်ဘူး။ လက်နက်ရှိရင် ဘာမဆို လုပ်လို့ရတယ်ထင်နေတဲ့ အာဏာရှင်စနစ်ကို

မကြိုက်လို့တော်လှန်တာ။ ပြည်သူကို ထီမထင်ဘဲ ငါတို့ကြိုက်တာလုပ်မယ် မကျေနပ်ရင် သတ်ပစ်မယ်ဆိုတဲ့ နိုင်ငံကို လုပ်ချင်တာလုပ်နေတဲ့ အာဏာရှင်ကို အနာဂာတ်ကလေးတွေဆီ မသွားနိုင်အောင်လို့ ငါတို့အနာခံပြီး ရပ်တန့်ပစ်နေတာ” ဆိုပြီး ရေးသားခဲ့ဖူးတာ ဖြစ်ပါတယ်။

ဒီလိုတွေ ရေးပြီး မကြာခင်မှာပဲ သူမကိုယ်တိုင် ၅၀၅(က) ပြုတ်ဖို့ ခံဝန်ကတိ လက်မှတ်ရေးထိုးခဲ့ရပြီး အခုချိန်မှာတော့ ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေပြီ ဖြစ်ပါတယ်။

ပရိသတ်တစ်ချို့ကလည်း နိုင်ငံရေးကို ဗန်းပြပြီး အပြောနဲ့အလုပ် လုံးဝမညီခဲ့တဲ့အတွက် ဝေဖန်ရှုံ့ချနေကြတာ ဖြစ်ပါတယ်။ ကဲ ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ဒီပို့စ်အောက်မှာ ရေးသားပေးခဲ့ကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *